Connect with us

Politics, Law & Military

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ ကနဦးအစီရင်ခံစာ တင်သွင်းရေးအစည်းအဝေးကျင်းပ

အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ ကနဦးအစီရင်ခံစာ တင်သွင်းရေးနှင့် စပ်လျဉ်း၍ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(MOFA)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ ကနဦးအစီရင်ခံစာ တင်သွင်းရေးနှင့် စပ်လျဉ်း၍ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို အားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ သို့နှင့်အညီ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များကို လက်မှတ်ရေးထိုး ပါဝင်ခြင်းများ ပြုလုပ်နေသကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် လူ့အခွင့်အရေးစာချုပ်ပါ ပြဋ္ဌာန်းချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် အကောင်အထည်ဖော်နေမှုကို စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့် အညီ စာချုပ်ဆိုင်ရာ ကော်မတီများသို့ ကာလအလိုက် အစီရင်ခံစာ တင်သွင်းခြင်းများ ပြုလုပ်သွားကြရန် ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ဆက်လက်၍ ၂၀၁၇ ခုနှစ်တွင် အတည်ပြုပါဝင်ခဲ့သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) ၏ အပိုဒ် ၁၇ အရ စာချုပ်ဝင်နိုင်ငံဖြစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကနဦးအစီရင်ခံစာကို တင်သွင်းသွားမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ထည့်သွင်းသင့်သည့် အချက်အလက်များကို အစီရင်ခံစာ ပြုစုရေးသားရာတွင် ဖော်ပြနိုင်ရေး ဆောင်ရွက်သွားရန် ၎င်းက ဆိုသည်။(Xinhua)