Connect with us

Asia

လာအို ပြည်သူ့ တော်လှန်ရေး ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ၊ နိုင်ငံတော် သမ္မတ နှင့် တရုတ် နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ

လာအို ပြည်သူ့ တော်လှန်ရေး ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ၊ နိုင်ငံတော် သမ္မတ Bounnhang Vorachith နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

လာအို ပြည်သူ့ တော်လှန်ရေး ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ၊ နိုင်ငံတော် သမ္မတ Bounnhang Vorachith နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ က ဖေဖော်ဝါရီ ၂၀ ရက် တွင် လာအို နိုင်ငံ ဗီယင်ကျန်း မြို့ ၌ တွေ့ဆုံ ခဲ့ကြသည်။

လာအို နိုင်ငံ သမ္မတ Bounnhang Vorachith က တွေ့ဆုံစဉ် မိမိ အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ အစွမ်းကုန် တိုက်ဖျက်မှု ဆောင်ရွက်နေသည့် အပေါ် အားပေးလိုကြောင်း ၊ နှစ်ပေါင်း ၇၀ အတွင်း တရုတ် နိုင်ငံ က အခက်အခဲများစွာ ကို ကျော်ဖြတ်ကာ ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြား သည့် မဟာအောင်မြင်မှု ကို ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ဝါဒ ဆောင်ရွက် ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် အတွင်း အင်အားတောင့်တင်းသည့် စီးပွားရေး စွမ်းရည် ကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး ၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ၏ ခိုင်မြဲသည့် ဦးဆောင်မှု အောက်တွင် တရုတ် နိုင်ငံ ပြည်သူလူထု တို့ က အမြန်ဆုံး ကပ်ရောဂါ အား လုံးဝ တိုက်ဖျက် နိုင်မည် ကို ယုံကြည်ကြောင်း ၊ ကပ်ရောဂါ ပြီးဆုံးသွားချိန်တွင် တရုတ် နိုင်ငံ စီးပွားရေး က အရှိန်အဟုန်မြင့်စွာ ဖွံ့ဖြိုးတိုးတက်မှု အား ထိန်းသိမ်းနိုင်မည် ကို ယုံကြည်ကြောင်း ၊ တရုတ်-အာဆီယံ COVID-19 ရောဂါ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာ ကျင်းပ နိုင်ရန် ဆုမွန်ကောင်းတောင်းပြီး အာဆီယံ နှင့် တရုတ် နိုင်ငံ အကြား အပြန်အလှန် ယုံကြည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု အား တိုးတက်အောင် ဆောင်ရွက်ရန် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြား ခဲ့သည်။

လာအို ပြည်သူ့ တော်လှန်ရေး ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ၊ နိုင်ငံတော် သမ္မတ Bounnhang Vorachith နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တွေ့ဆုံစဉ် (ဆင်ဟွာ)

ထို့ပြင် လာအို နိုင်ငံ သမ္မတ က လာအို နိုင်ငံ ပါတီ နှင့် အစိုးရ က လာအို-တရုတ် ချစ်ကြည်ရေး အား အလွန်စစ်မှန်စွာ တန်ဖိုးထားပြီး တရုတ် နိုင်ငံ ပါတီ နှင့် အစိုးရ ၏ လာအို နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကာလတစ်လျှောက် ဆောင်ရွက်ပေးခဲ့သော တန်ဖိုးကြီးမားသည့် ကူညီထောက်ပံ့မှုများ အပေါ် ကျေးဇူးတင်ရှိကြောင်း ၊ လက်ရှိအချိန်တွင် လာအို-တရုတ် ရထားလမ်း စသည့် ကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များ အား အဆင်ပြေချောမွေ့စွာ တွန်းအားပေး ဆောင်ရွက်နေခဲ့ပြီး လာအို နိုင်ငံ ပြည်သူလူထု အား စစ်မှန်သော အကျိုးကျေးဇူး များကို ရရှိစေခဲ့ကြောင်း ၊ လာအို နိုင်ငံ ပါတီ နှင့် အစိုးရသည် တရုတ် တစ်နိုင်ငံတည်း မူဝါဒ အား ခိုင်မြဲစွာ လိုက်နာကျင့်သုံးပြီး စစ်မှန်စွာ တရုတ် နိုင်ငံ နှင့် ကဏ္ဍပေါင်းစုံ တွင် ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက်သွားလိုကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ လာအို-တရုတ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အား တက်ကြွစွာ ကြိုးပမ်းတည်ဆောက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ကပ်ရောဂါ ဖြစ်ပွားပြီးနောက်တွင် လာအို နိုင်ငံ ပါတီ ၊ အစိုးရ နှင့် ပြည်သူလူထု တို့ က အချိန်နှင့် တပြေးညီ ကူညီမှု လက်ကမ်း ခဲ့ကြောင်း ၊ လာအို ပြည်သူ့ တော်လှန်ရေး ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အနေဖြင့် ကိုယ်တိုင်ဦးဆောင်ကာ လာအို နိုင်ငံ ပါတီ နှင့် တစ်နိုင်ငံလုံး ရှိ ပြည်သူလူထု တို့အား စုစည်းကာ တရုတ် နိုင်ငံ နှင့် အတူတကွ အခက်အခဲ အား ကျော်ဖြတ်အောင် ဆောင်ရွက်ပေးခြင်း အပေါ် လွန်စွာ ဝမ်းမြောက်မိကြောင်း ၊ ယင်းဆောင်ရွက်မှု မှ တစ်ဆင့် တရုတ်-လာအို နှစ်နိုင်ငံ ဆက်ဆံရေး က ဖျက်ဆီး ၍ မရအောင် ခိုင်မာပြီး အပြန်အလှန် မှီခိုအားထားသည့် သံယောဇဉ် နှင့် တရုတ်-လာအို ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်ကြောင်း အား ပေါ်လွင်စေ ခဲ့ကြောင်း ၊ ကပ်ရောဂါ ပြီးဆုံး ချိန်တွင် တရုတ် နိုင်ငံ ပြည်သူလူထု တို့ က ပိုမိုခိုင်မာ စည်းလုံးညီညွတ်လာမည် ဖြစ်ပြီး တရုတ် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည်လည်း ပိုမို ရေရှည်အားကောင်း နိုင်မည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ သည်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူလူထု တို့၏ ပိုမို ခိုင်မြဲသည့် ဝန်းရံမှု နှင့် ထောက်ခံအားပေးမှု ကို ရရှိနိုင်မည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဘက်စုံ သာယာဝပြောသည့် လူ့အဖွဲ့အစည်း အား တည်ဆောက်နိုင်မည် မှာ သေချာ ပြီး ဆင်းရဲနွမ်းပါးမှု အား လုံးဝ ပျောက်ကွယ် အောင် ဆောင်ရွက်ကာ တရုတ် နိုင်ငံ ပထမ ရာစုနှစ် ကြိုးပမ်းအားထုတ်မှု ရည်းမှန်ချက် အား အကောင်အထည်ဖော် နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ်-လာအို အပြန်အလှန် ယုံကြည်မှု နှင့် ချစ်ကြည်ရေး က ယခု အကြိမ် ကပ်ရောဂါအား အတူတကွ တိုက်ဖျက်စဉ် အတွင်း ပိုမိုနက်ရှိုင်းလာမည် ဖြစ်ပြီး နှစ်နိုင်ငံ ကဏ္ဍစုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ နှင့် အတူတကွ ကြိုးပမ်း ကာ တရုတ်-လာအို ရထားလမ်း စီမံကိန်း နှင့် တရုတ်-လာအို စီးပွားရေး စင်္ကြ ံ တည်ဆောက်မှု တို့အား ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည် မြှင့်တင်နိုင်ရန် ကူညီသွားလိုပြီး စက်မှုနိုင်ငံတော် လုပ်ငန်းစဉ် အား ပိုမို အမြန်ရောက်ရှိအောင် ဆောင်ရွက်ပေးလိုကြောင်း ၊ တရုတ်-လာအို ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတူတကွ တည်ဆောက်ခြင်းဖြင့် လာအို နိုင်ငံ ပြည်သူလူထု တို့အား လက်တွေ့ အကျိုးဖြစ်ထွန်းမှုကို ခံစား သိရှိစေလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)