Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းဌာနများ သွားရောက်သတင်းယူ

ဘူးသီးတောင်မြို့နယ်အတွင်း တောင်ဘဇာကျေးရွာအနီး လမ်းတစ်ခုကို တွေ့ရစဉ် (ဆင်ဟွာ)

မောင်တော၊ဇူလိုင်၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအစိုးရ၏ စီစဉ်ပေးမှုဖြင့် နိုင်ငံတကာသတင်းဌာနများ မှ သတင်းထောက်များသည် ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်နေသော အရေးကိစ္စများအား သတင်းရယူနိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသသို့သွားရောက်၍ သတင်းရယူ တွေ့ဆုံမေးမြန်းမှုကို ဇူလိုင်လ ၁၂ ရက် မှ ၁၆ ရက်အတွင်း ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာအစိုးရက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က သတင်းမီဒီယာများအား ဇူလိုင်လ ၁၆ ရက်တွင် ပြောကြားရာ၌ တရားဥပဒေစိုးမိုးမှုဆောင်ရွက်ရာတွင် အသေးစား မတော်တဆမှု အချို့ဖြစ်ပေါ်ခဲ့ကြောင်း ၊ သို့သော် နိုင်ငံခြားသတင်းဌာနများမှ ပြောဆိုနေသည့် လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့အကြမ်းဖက်မှုမျိုး ကျူးလွန်နေသည်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည် စခန်းရှိ ကလေးငယ်များကို တွေရစဉ် (ဆင်ဟွာ)

ဝန်ကြီးချုပ်ဦးညီပုက အခက်အခဲပေါင်းများစွာ ရှိနေလင့်ကစား ရခိုင်ပြည်နယ်အစိုးရ၏ ဦးစားပေးအစီအစဉ်မှာ တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဖြစ်ကြောင်း ဆိုသည်။ ပြည်နယ်အစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို တတ်နိုင်သမျှ အကောင်းဆုံးအဖြေရှာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားသတင်းဌာနအချို့သည် နယ်ခြားစောင့်ရဲတပ်ဖွဲ့အနေဖြင့် လူနေအိမ်များအား မီးရှို့ခြင်း နှင့် ရွာသူ အမျိုးသမီးများအပေါ်အဓမ္မကျူးလွန်နေကြောင်း သတင်းမှားများ ဖော်ပြရေးသားခဲ့သည်ဟု မြန်မာနိုင်ငံ၏ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် က တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မတီက စုံစမ်းစစ်ဆေးခဲ့ရာတွင် အချို့သော ဒေသခံများသည် သတင်းအမှားများကိုဖန်တီး၍ ၎င်းတို့ကိုယ်တိုင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း ရဲမှူးချုပ်က ဆိုသည်။

လွန်ခဲ့သော နှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် နယ်မြေရှင်းလင်းရေးတွင် ရွာသားပေါင်း ၆၆,ဝဝဝ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တိမ်းရှောင်ခဲ့ရသည်ဟု အချို့သတင်းဌာနများက ရေးသားဖော်ပြခဲ့ကြောင်း ရဲမှူးချုပ်သူရစန်းလွင်က ဆိုသည်။

သို့သော် မြန်မာနိုင်ငံဖက်က ယင်းကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးခဲ့ပြီးနောက်တွင် ပျောက်ဆုံးနေသူမှာ ၂၂ဝဝဝ ဦး သာရှိကြောင်း ၊ အချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ခွာသွားခြင်းမဟုတ်ကြောင်း ၊ အခြားကျေးရွာများသို့ပြောင်းရွှေ့သွားခြင်းသာဖြစ်သည်ဟုတွေ့ရှိရကြောင်း ၎င်းက ပြောခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပုအား တွေ့ရစဉ် (ဆင်ဟွာ)

နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ဘူးသီးတောင်မြို့နယ်အတွင်း မောင်နှမကျေးရွာရှိ ရွာသားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဘူးသီးတောင်မြို့နယ်အတွင်း မောင်နှမကျေးရွာရှိ ရွာသားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဘူးသီးတောင်မြို့နယ်အတွင်း မောင်နှမကျေးရွာရှိ ရွာသားများအားတွေ့ရစဉ် (ဆင်ဟွာ)

နောက်ကွယ်တွင်ရှိသည့် အင်အားစု က ရွာသားများကို လိမ်ညာထွက်ဆိုရန် ခိုင်းစေခဲ့သည်ဟု ရဲမှူးချုပ်က ပြောကြားခဲ့ပြီး ၊ ရွာသားများအနေဖြင့် ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်ရန် စစ်သင်တန်းများကိုလည်း တက်ရောက်ခဲ့ရကြောင်း ရဲမှူးချုပ်က ရှင်းပြခဲ့သည်။

မောင်တောမြို့နယ် ကျားခေါင်းတောင်ရွာမှဒေသခံအမျိုးသမီးအချို့က ဆင်ဟွာအပါအဝင်နိုင်ငံခြားသတင်းဌာနများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းတို့၏ အမျိုးသားများ နှင့် ကလေးများမှာ ဖမ်းဆီးခံရကြောင်း နှင့် အသတ်ခံရသည့်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

အမည်မဖော်လိုသူ အချို့ရွာသားများက ပြောကြားရာတွင် အစိုးရအနေဖြင့် ၎င်းတို့ကို ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုစေလိုကြောင်း နှင့် ဖြစ်နိုင်သမျှ အစောဆုံး နိုင်ငံသားအခွင့်အရေး ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စသည် ၂ဝ၁၂ ခုနှစ်ကတည်းက စတင်ကာ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စိုးရိမ်ပူပန်စရာဖြစ်ခဲ့သည်။ ထိုနှစ် မေလ နှင့် ဇွန်လ များတွင် ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းနှစ်ခုအကြားတွင် ထိတွေ့မှှုများဖြစ်ပွားခဲ့သည်။ ၎င်းပဋိပက္ခများအတွင်း သေဆုံးသူ ၁ဝဝ ကျော်ရှိခဲ့သည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် မောင်တော၌ နယ်ခြားစောင့်ရဲကင်းစခန်းသုံးခုကို လက်နက်ကိုင်များ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်စဉ်ကို အကြမ်းဖက်တိုက်ခိုက်မှုဟု အစိုးရက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နောက်ပိုင်း ယခုနှစ် ဖေဖော်ဝါရီလ ကုန်ပိုင်းအထိ စစ်တပ် နှင့် ရဲတပ်ဖွဲ့သည် နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ပြည်တွင်းပြည်ပ မီဒီယာများအနေဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် မှ ၂၂ ရက် အထိ ပထမအကြိမ် နှင့် မတ် ၂၈ ရက် မှ ဧပြီ ၁ ရက်အထိ ဒုတိယအကြိမ် ရခိုင်ပြည်နယ် မောင်တော ဒေသသို့သွားရောက်သတင်းရယူခဲ့ကြပြီး ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.