Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား လေးသောင်းဖမ်းမိ

ဖမ်းဆီးရမိသော တရားခံများနှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြင်းလွတ်မြို့ ရပ်ကွက် ၄ ရှိ နေအိမ်တစ်အိမ်တွင် WY စိတ်ကြွ ဆေးပြား ၄၉၅၀၀ ပြားဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများ ဖမ်းမိရာနေအိမ်ရှိ ဆန်သိုလှောင်ထားသော အခန်းအတွင်းမှ ငွေကျပ် သိန်း ၉၉၀တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၄၉၅၀၀ ပြား ၊ဆိုင်ကယ် ၄ စီး၊ ဖုန်း ၆ လုံး၊ ငွေသား ၁၀၅၂၀၀ ကျပ်တို့ ဖမ်းဆီးရမိကြောင်း သိရသည်။

ယင်း စိတ်ကြွဆေးပြားများနှင့် အတူဖမ်းဆီးရမိသော လူခြောက်ဦးအား ဥပဒေနှင့် အညီ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.