Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဖေဖော်ဝါရီလလယ်၌ လက်မှတ်ရေးထိုးနိုင်ရန် သမ္မတမျှော်လင့်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်ဆဲရေးဆွေးနွေးနေစဉ်

 ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံး           အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံးအပစ်အခတ်  ရပ်ဆဲရေးဆွေးနွေးနေစဉ်

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ကို ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ရေးထိုးနိုင်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကမျှော်လင့် ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် ပြောကြား ခဲ့ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ အတွင်း ရေးမှူး ဦးခွန်ဥက္ကာ က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

လွတ်လပ်ရေးနေ့ ဗိုလ်ရှှုသဘင်အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် ဇန်နဝါရီ ၅ ရက်နေ့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။

“သမ္မတကြီးရဲ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးလက်မှတ်ရေးထိုးဖို့ အကြံပြု ချက်ကတော့ ကောင်းပါတယ်၊ ဒါပေမယ့် မြေပြင်ထိတွေ့မူတွေရပ်ဖို့လိုတယ်၊ လက်မှတ်ထိုးနိုင်ဖို့ အချက်အလက်တွေ အကြောင်းအရာတွေ အသေးစိတ်ပါရင်တော့ ထိုးနိုင်ဖို့ အလားအလာရှိပါတယ်” ဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ ဦးခွန်ဥက္ကာကဆိုသည်။

ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ရေး သမ္မတအကြံပြုချက် ကို အကောင်အထည်ဖော်ရန် စစ်ဆင်ရေးများကို ရပ်တန့်ပေးနိုင်လျှင် ရပ်တန့်ပေးပြီး မရပ်တန့်နိုင်လျှင် လျှော့ပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့ကြောင်း ၎င်းကပြောကြားသည်။

“ ကာချုပ်ကပြန်ပြောပါတယ် စစ်ဆင်ရေးတွေလုပ်တာမျိုးသူတို့ဘက်ကမရှိပါဘူးတဲ့၊” ဟု ဦးခွန်ဥက္ကာ ကဆိုသည်။

ယနေ့ တိုင်းရင်းသားလက်နက်ကိုင်များနှင့် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံဆွေး နွေးမူသည် ကောင်းသောရလဒ်များရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ပျော့ပြောင်း မှုများရှိလာကြောင်း တိုင်းရင်းသား လက်နက်ကိုင်များက သုံးသပ်သည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့သည်ယနေ့ နေပြည်တော်တွင် လက်ရှိတွေ့ကြုံနေရသော နိုင်ငံရေး အခြေအနေများ၊ တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေးများ၊ နိုင်ငံရေးဆွေးနွေးပွဲ အကြောင်းအရာများ၊ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ် ရေးများ ကို ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.