Connect with us

Politics, Law & Military

ဖွံ့ဖြိုးရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် သမ္မတ နှင့် နိုင်ငံရေး အင်အားစုများ တွေ့ဆုံ

နေပြည်တော်ရှိသမ္မတအိမ်တော်၌ သမ္မတနှင့် နိုင်ငံရေးအင်အားစုများတွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်ရှိသမ္မတအိမ်တော်၌ သမ္မတနှင့် နိုင်ငံရေးအင်အားစုများတွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အဓိကကျသည့် ပြည်တွင်းရေး ကိစ္စ များဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေး ခေါင်းဆောင်များနှင့် ဇန်နဝါရီ ၁၂ရက် နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

ထိုအစည်းအဝေးကို အစိုးရကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံရေးပါတီများ တက်ရောက်ကြသည်။ ၎င်းအစည်းဝေး တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အပြန်အလှန် ဆွေးနွေးမှုများ အစပြုခြင်း၊ ၂၀၁၅ အထွေထွေ ရွေးကောက် ပွဲ နှင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်း ရေးတို့အား အထူးအာရုံစိုက်ရန် မျှော်လင့်ကြောင်း သိရသည်။

တက်ရောက်သူများ ထဲတွင် လွှတ်တော်ဥက္ကဌ နှစ်ဦး ဖြစ်သည့် ဦးရွှေမန်း နှင့် ဦးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ပါတီများ မှ ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား ရေးရာ ဝန်ကြီးများ ပါဝင်သည်။

ယခုအစည်းအဝေးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော ၅ ပွင့်ဆိုင် အစည်းဝေး၏ နောက်ဆက်တွဲ ဖြစ်သည်။

ယခု အစည်းအဝေး မတိုင်မီ နေပြည်တော်တွင် သမ္မတ နှင့်လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ တို့ တွေ့ဆုံ ခဲ့သည်။ သမ္မတ ဦးသိန်းစိန် သည် ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်ရန်မျှော်လင့် ထားသည်။ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းကို အချောသပ်နိုင်ရန် မျှော်လင့်ထားသည်။

အစိုးရ နှင့် လက်နက်ကိုင် တိုင်းရင်းသားများ သည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးမူကြမ်း အတွက် ၇ ကြိမ်မြောက် ဆွေးနွေးမှု လုပ်ဆောင်နေသည်။ (Xinhua)