Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
JICM အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး၌ ဘုံသဘောတူညီချက် (၈) ချက်ရရှိ - Xinhua News Agency
Connect with us

Politics, Law & Military

JICM အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး၌ ဘုံသဘောတူညီချက် (၈) ချက်ရရှိ

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)အစည်းအဝေးတွင် ဘုံသဘောတူညီချက်(၈)ချက် ရရှိခဲ့ကြောင်းအဆိုပါ အစည်းအဝေးထံမှ သိရသည်။

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA-S EAO)၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဖေဖော်ဝါရီ ၁၆ရက် မှ ၁၈ရက်ထိသုံးရက်ကြာကျင်းခဲ့သည့် ဘုံသဘောတူညီချက် (၈)ချက်ရရှိခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေးအပြီးတွင် အချက်(၈)ချက်ကို  ဘုံသဘောတူ စုစည်းချက် အဖြစ်ရရှိပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးအား သက်မှတ်ထားသည့်အချိန်ကာလ(၂၀၂၀ ခုနှစ် ပထမလေးလပတ်)အတွင်း ကျင်းပပြုလုပ်နိုင်ရေး ကို ဦးတည်သည့် ရှေ့လုပ်ငန်းစဉ်များ၊ ၂၀၂ဝအလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်ထည်မှုများကို အသေးစိတ်အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

JICM အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဆလိုင်းထလားဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူးဆေး၊ စောကျော်ညွန့်၊ ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်း၊ ဒေါက်တာစိုင်းဦး တို့တက်ရောက်ခဲ့ကြကြောင်းသိရသည်။

“JICM အစည်းအဝေး ဆုံးဖြတ်ချက် (၈) ချက်ထဲက သဘောတူညီချက် (၁) ဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာစေရေးကို ဆွေးနွေးခဲ့တာရှိတယ်။ နှစ်ဖက်မှာ ညှိနှိုင်းထားတာက လာမယ့် မတ်လ ၁၀၊၁၁၊၁၂ မှာ JMC အစည်းအဝေးတွေ ပြန်စဖို့ပါပဲ။ အားလုံးသိတဲ့အတိုင်း ဆိုင်းငံ့ထားတဲ့ JMC အစည်းဝေးကို လာမယ့်မတ်လ ၁၀၊၁၁၊၁၂ မှာ ပြန်စနိုင်ဖို့ အစိုးရဘက်က အဆိုပြုတယ်။ ဒီအတိုင်းပဲ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု အစိုးရကိုယ်စားလှယ် ဦးလှမောင်ရွှေက ဆိုသည်။ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သက်မှတ်ထားသည့် အချိန်ကာလအတွင်းကျင်းပနိုင်ရန် အစိုးရနှင့် NCA-S EAO နှစ်ဖက် အလုပ်အဖွဲ့များ၏ တတိယအကြိမ်  နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၅၊  ၆၊ ၇ ရက်နေ့ များတွင် ရန်ကုန်မြို့ NRPC ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)