Connect with us

Politics, Law & Military

(၉) ကြိမ်မြောက် JICM အစည်းအဝေးတွင် သဘောတူညီချက် (၇) ချက် ရရှိ

(၉) ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ - Hla Maung Shwe Facebook)

နေပြည်တော်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

နေပြည်တော် MICC I တွင် ယနေ့ကျင်းပသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပူးတွဲ အကောင်အထည်ဖော်မှုဆိုင်ရာ (၉)ကြိမ်မြောက် JICM အစည်း အဝေးတွင် သဘောတူညီချက် ခုနစ်ချက် ရရှိခဲ့သည်ဟု NCA-S EAOs ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ် ပါတီမှ နိုင်အောင်မငေးက JICM အစည်းအဝေး အပြီးတွင် မီဒီယာသို့ ဖြေကြားခဲ့သည်။

“အဓိကအားဖြင့် ကျွန်တော်တို့ NCA အခန်း(၃)၊ အခန်း(၄)မှာ ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့် ကျွန်တော်တို့တစ်ဖွဲ့ချင်းနဲ့ ဘယ်လိုဆွေးနွေးရမလဲ၊ စုပေါင်းပြီး ဘယ်လို ဆွေးနွေးရမလဲ ဆိုတဲ့ အပိုင်းဖြစ်ပါတယ်၊ သဘောတူညီချက် (၂)ကတော့ ဘာလဲဆိုရင် ကျွန်တော်တို့ဒီပြည်ထောင်စု စာချုပ်အစိတ်အပိုင်း (Union Accord)မှာ အပိုင်း(၃)ခု အနေနဲ့ခွဲပြီးတော့ သဘောတူ ထားပါတယ်။ အပိုင်း(၁)က ဘာလဲဆိုရင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘော တူညီချက်မှာ (၁၅) ချက် ရရှိခဲ့ပါတယ်။ အပိုင်း(၂)မှာဆိုရင် ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုမှာဆိုရင် ကျွန်တော်တို့ ဇယား(၁)ဖြစ်တဲ့ ခေါင်းစဉ်ကြီး ရှစ်ခုကို သဘောတူညီချက်ရရှိခဲ့ပါတယ်။ အပိုင်း(၃)မှာဆိုရင် ဒီမိုကရေစီနဲ့ ဖယ်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူမှာဆိုရင် (၅)ချက် ရရှိခဲ့ပါတယ်။ ဒါဟာ ရရှိခဲ့တဲ့သဘောတူညီချက် ဖြစ်ပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။ 

သဘောတူ ဆုံးဖြတ်ချက် (၃) အဖြစ် စတုတ္တ  ပင်လုံအစည်းအဝေးတွင် အဆိုပါ အပိုင်း(၃)ကို ပြည် ထောင်စု သဘောတူညီချက် တစ်ချက် အဖြစ် လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြောင်း၊ သဘော တူညီချက် (၄) ဖြစ်သည့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုတွင် ဇယား(၂) ပါရှိပြီး အဆိုပါ ဇယား(၂) တစ်ခုလုံးကို မူအားဖြင့် သဘောတူထားကြောင်း၊ ကျန် အသေး စိတ် ခေါင်းစဉ်ခွဲများကို ဆက်လက် ဆွေးနွေးရန် အဖြစ် ထားရှိကြောင်း ၊ ဒီမိုကရေစီနှင့် ဖယ်ဒရယ် စနစ်တို့ကို အခြေခံသည့့် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ၌ သဘော မတူရသေးသည့် အချက် သုံးချက်ရှိပြီး ထိုအချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ နှစ်ဖက် အလုပ်အဖွဲ့က ဆွေးနွေးညှိနှိုင်းခဲ့သည့် သဘောတူညီချက်အားလုံးကို JICM အစည်းအဝေးက မှတ်တမ်းတင် သဘောတူထားကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC:_Union Peace Conference) ကို သြဂုတ်လ ၁၉၊ ၂၀၊ ၂၁ တို့၌  နေပြည်တော်တွင်  ကိုယ်စား လှယ်၂၃၀ ဦး တက်ရောက်၍ ကျင်းပရန် သဘောတူထားခြင်း ဖြစ်ပြီး နောက်ထပ် ဆုံးဖြတ်ချက် တစ်ခုမှာ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး လက်မှတ်ရေးထိုးကြရေး ဝိုင်းဝန်း တိုက်တွန်းပေးရန်နှင့် ပါဝင်လာအောင် စည်းရုံးပေးရန် ဟူသည့် ဒီသဘောတူညီချက်ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။   (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117