Connect with us

Politics, Law & Military

 ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး ၂၀၂၀ ပထမ လေးလအတွင်း ကျင်းပမည်

သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

နေပြည်တော် NRPC တွင် ယနေ့ ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA:_ Nationwide Ceasefire Agreement) အကောင်  အထည်ဖော်မှုဆိုင်ရာ (၈) ကြိမ်မြောက် JICM(Joint Implementation and Coordination Committee Meeting) အစည်းအဝေးသည် အောင်မြင်မှုများ ရရှိခဲ့ပြီး ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ၂၀၂၀ နှစ်ဆန်း ပထမ လေးလ အတွင်း ကျင်းပရေး အပါအဝင် သဘောတူညီချက် ရှစ်ချက် ပေါ်ထွက်ခဲ့သည်ဟု JICM အတွင်းရေးမှူး အဖွဲ့ဝင်၊ နိုင်ငံတော် ၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက JICM အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

JICM အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးနှင့် RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

အဆိုပါ ရှစ်ချက်တို့မှာ — NCA ၏ အခန်း (၃)၊ (၄) နှင့်(၆) တို့ရှိ ဆောင်ရွက်သွားမည့် အချက်များ အပေါ်သဘောတူချက်၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ နှစ်ဘက် သဘောတူညီချက်များ ရယူနိုင်ရေး၊ ၂၀၂၀ အလွန်မှာ ဆက်လက် ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဆင့်လိုက် ဆောင်ရွက်သွားရေး၊ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃) မှာ ချုပ်ဆို မည့် စာချုပ် ပုံစံအား သဘောတူညီခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ပထမ လေးလတာကာလအတွင်း ကျင်းပရန် သဘောတူခြင်း၊ NCA ဝေါဟာရ အဓိပ္ပါယ် ထွက်ဆိုချက်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်ရေးနှင့် UPDJC များကို ယခု ရှစ်ကြိမ်မြောက် JICM အစည်းအဝေးအပြီး နှစ်လအတွင်း ခေါ်ယူ ကျင်းရေး ဟူသည့် အချက် များဖြစ်ကြောင်း ဦးဇော်ဌေးက RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလင်းနှင့်အတူ ရှင်းလင်း ဖြေကြားခဲ့သည်။(Xinhua)