Connect with us

Politics, Law & Military

MC-U အဋ္ဌမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ တတိယအပတ်တွင် ပြန်လည်ကျင်းပမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ -MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ အဋ္ဌမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ တတိယပတ်တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးထံမှ သိရသည်။

အဆိုပါ ပြန်လည်ကျင်းပမည့် JMC-Uအစည်းအဝေး၌ ကရင်ပြည်နယ်ကို မိုင်းရှင်းလင်းရှေ့ ပြေးစီမံချက်ပြုလုပ်မှုအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ပြန်လည်ဆွေးနွေးမည်ဖြစ်ပြီး သတ္တမအကြိမ်ဆွေးနွေးပွဲ၌ ကျန်ရှိသော အချက်အလက်များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။
JMC-U ၏ သတ္တမ အကြိမ်မြောက် အစည်းအဝေးရလဒ်များအဖြစ် အောက်တိုဘာ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး(တောင်ငူ) တွင် JMC-S ဖွဲ့ရန်၊ နိုဝင်ဘာလ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ထပ်မံချမှတ်၍ ချင်းပြည်နယ်(ဟားခါး)တွင် JMC-S ဖွဲ့ရန်၊ နယ်မြေပိုင်းခြား သက်မှတ်မှုများနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တပ်မှူးများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်မှတပ်မှူးများ ကော်မတီဖွဲ့၍ ဆွေးနွေးရန်၊ NCA လက်မှတ် ရေးထိုးထားသည့် နေရာများတွင် ချိုးဖောက်မှုများ ရှိလာပါက စိစစ်အတည်ပြုရေးအဖွဲ့ (Verification Team) က သွားရောက်၍ စစ်ဆေး တာဝန်ယူဆောင်ရွက်ရန်၊ မိုင်းရှင်းလင်းရေး ကိစ္စများအတွက် Pilot Project ထားကာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပူးပေါင်းရှင်းလင်းရန်နှင့် ဘတ်ဂျက် ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။ ယင်းJMC-U အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနှင့် ဒုတိယအလုပ် အမှုဆောင် ညွှန်ကြားရေးမှူး၊ အတွင်းရေးမှူးတို့၏ လုပ်ငန်းလမ်းညွှန်၊ လုပ်ငန်းတာဝန်များအား အတည်ပြုနိုင်ခဲ့သည်။(Xinhua)