Connect with us

Politics, Law & Military

မိုင်းရှင်းလင်းရေး ရှေ့ပြေးစီမံချက်ကို ကရင်ပြည်နယ်တွင် စတင်သတ်မှတ်ရန် တပ်မတော် အဆိုပြု

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)အစည်းအဝေးကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မိုင်းရှင်းလင်းရေးရှေ့ပြေးစီမံချက် ဧရိယာအဖြစ် ကရင်ပြည်နယ်ကို စတင်သတ်မှတ်ရန် တပ်မတော်က အဆိုပြုလိုက်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)အစည်းအဝေးထံမှ သိရသည်။

အဆိုပါ တပ်မတော်က အဆိုပြုသော ကရင်ပြည်နယ်ကို မိုင်းရှင်းလင်းရှေ့ပြေးစီမံချက်ပြုလုပ်မှုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ နိုဝင်ဘာလ၌ ပြန်လည်ကျင်းပမည့် အဋ္ဌမအကြိမ် JMC-U အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးမည်ဟု အတည်ပြုခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)အစည်းအဝေး နောက်ဆုံးနေ့၌ မိုင်းရှင်းလင်းရေး (Demining) ကိစ္စအား ဆွေးနွေးခြင်းနှင့် အထွေထွေ ဆွေးနွေးခြင်း တို့ကိုပြုလုပ် ခဲ့သည်။“ရှေ့ပြေးလုပ်ဆောင် မယ့် နေရာတစ်ခု သတ်မှတ်ပြီး စတင်ဆောင်ရွက်ဖို့ ကျွန်တော်တို့က အဆိုပြုပါတယ်။ဒါကို သူတို့က သဘောတူတယ်။ ရှေ့လာမယ့် JMC-U အစည်း အဝေးမှာ ပြန်ပြီးတော့ ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အတည်ပြုပါတယ်။ ရှေ့ပြေးလုပ်ဆောင်မဲ့ ဧရိယာတစ်ခု သတ်မှတ်အတည်ပြု ပြီးပြီဆိုရင်တော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးပေါင်းပြီး ရှင်းလင်းသွားမှာ ဖြစ်ပါတယ်” ဟု JMC-U ၏အတွင်းရေးမှူး(၂)ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။

မိုင်းရှင်းလင်းရာတွင် ပြည်ပမှနည်းပညာနှင့် အထောက်အကူသာယူ၍ မိုင်းရှင်းလင်းရေး လုပ်ဆောင် ရာတွင် တပ်မတော်နှင့် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များကသာ ပူးပေါင်းပြီးရှင်းလင်းမည်ဖြစ်သည်။(Xinhua)