ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် ပစ္စည်းတင်ဒါ ခေါ်ယူရာတွင် ကြမ်းခင်းဈေးတန်ဖိုးကို အနီးကပ်ဆုံး ဒေသပေါက်ဈေးပေါ်အခြေခံ၍ ခရီး အကွာအဝေး ထည့်သွင်းစဉ်းစားတွက်ချက်ကာ ပြီးခဲ့သော တင်ဒါများတွင် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်ခဲ့သော ဈေးနှုန်းနှင့် နှိုင်းယှဉ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဈေးနှုန်းခွင့်ပြုချက်ထက် မကျော်လွန်သော ဈေးနှုန်းအဖြစ်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သတ်မှတ်ထားသည့် စီးပွားရေးရည်ရွယ်ချက် (၁၂) ရပ်ထဲတွင် e-Government ကိစ္စပါဝင်ပြီး e-Government စနစ်ကို အမြန်ဆုံး ထူထောင်ရန် အလွန်အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သက်တမ်းတိုးမြှင့်ရေး ကိစ္စအား လွှတ်တော်က အတည်မပြုကြောင်း ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ၂၀၁၉ ခုနှစ် မတ် ၃ ရက် မှ ၁၈ ရက် အထိ ကာလအတွင်း ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်းဆောင်ရွက်ရန် အတွက်သတိပေးချက် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မစို စိုက်ပျိုးမွေးမြူရေးစခန်းနှင့် ထောက်ကြန့် ကြက်မွေးမြူရေး စခန်းတို့တွင် မြေနေရာများ ငှားရမ်းမည့် ကုမ္ပဏီများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှုအား ဖြေရှင်းရန် ကျန်ရှိနေသော တိုင်ကြားစာ ၄၀၀၀နီးပါးကို ပိုမိုအလေးထား ဖြေရှင်းဆောင်ရွက်ရန် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည် စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြာသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး နှစ်ဖက် ကျဆုံးမှုများရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အစိုးရရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ပေါက်ကွဲမှု အသေးစားဖြစ်ပွားခဲ့ပြိး လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော်ကော်မတီ ၁၄ခုအား သက်တမ်းတစ်နှစ်စီ တိုးမြှင့်လိုက်ကြောင်း ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာအမှတ် ( ၁၃/ ၂၀၁၉)ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ဆီဘောက်ဆာယာဉ်ဖြင့် သယ်ဆောင်လာသော ကျပ် သိန်း၁၀၀ တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။