Connect with us

Politics, Law & Military

တရားမဝင် ဂြိုဟ်တု စလောင်းနှင့် ရုပ်သံလိုင်းများအား စနစ်တကျ ထိန်းချုပ်မည်

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်လှထွန်း အဖွင့်အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ ဇွန် ၁၈ရက်(ဆင်ဟွာ)

တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများအား မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့်အညီ စနစ်တကျ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှ ထွန်းက ယနေ့ ပြောကြားသည်။

“အိမ်နီးချင်းနိုင်ငံတွေက အထူးသဖြင့် ထိုင်းနိုင်ငံက ဝင်ရောက်လာနေတဲ့ စလောင်းတွေ ရုပ်သံ ဖမ်းစက်တွေဟာ အရေ အတွက်က ခန့်မှန်းလို့မရနိုင်အောင် များပါတယ်၊ တစ်ချိန်တည်းမှာပဲ web TV လို့ ခေါ်တဲ့ ပြည်တွင်း ပြည်ပက online TV channel တွေကလည်း ဒါဇင်ပေါင်း များစွာ ရှိမယ် ထင်တယ်၊ သူတို့ရဲ့ Contents တွေ programmes တွေကို ကြည့်ရင် ကျွန်တော်တို့ရဲ့ တည်ဆဲ ဥပဒေတွေကို လုံး၀ လိုက်နာခြင်း မရှိတာ တွေ့ရပါတယ်၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ မသင့်တော်တဲ့ content တွေ ပါပါတယ် ၊ ကြော်ငြာတွေက အစပေါ့၊ ဒါတွေကို လွှတ်ထားလို့ မရ တော့ပါဘူး၊ ဘယ်လို တားဆီးကာကွယ် မလဲဆိုတာ အဖြေရှာပြီး တည်ဆဲ ဥပဒေတွေနဲ့ အညီ စနစ်တကျ ထိန်းချုပ် သွားရမှာပါ” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

အဆိုပါ တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများသည် နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် ငွေကြေး၊ အခွန် အခများ နစ်နာစေရုံသာမကဘဲ ယဉ်ကျေးမှုကိုလည်း ထိခိုက်စေကြောင်း၊ နိုင်ငံတော် ကို အခွန်အခပေးပြီး လုပ်ကိုင်နေသော လုပ်ငန်းရှင်များကိုလည်း ထိခိုက်ကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စများအတွက် ဝိုင်းဝန်း အဖြေရှာနိုင်ရန် ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တရားဝင် လုပ်ပိုင်ခွင့်ပြုထားသော နိုင်ငံပိုင် MRTV, တပ်မတော်က ပိုင်သည့် မြဝတီ၊ နိုင်ငံပိုင်နှင့် အကျိုးတူ Forever, SkyNet နှင့် Content Provider ငါးဦးတို့ ရှိကြောင်း၊ ပြည်တွင်းရှိ တရားဝင် ဆောင်ရွက်ခွင့်ရထားသော content provider များ၊ producers များအား အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း၊ တစ်ဘက်ကလည်း မိမိတို့၏ယဉ်ကျေးမှုကို ထိခိုက်စေသည့် တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများ၏ content များ၊ programmes များကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ကြောင်း နေပြည်တော် သင်္ဂဟဟိုတယ်၌ ယနေ့ ကျင်းပသည့် တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံံထုတ်လွှင့်သူများ အသင်း ဥက္ကဋ္ဌ ဦးကိုကို အမှာစကား ပြောကြားစဉ်။

တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်။

မှတ်တမ်း ဓာတ်ပုံရိုက်ကူးကြစဉ်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံံထုတ်လွှင့်သူများ အသင်း ဥက္ကဋ္ဌ ဦးကိုကို အမှာစကား ပြောကြားရာတွင် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာ လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်မှုပင် ဖြစ်ကြောင်း၊ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုအရ များပြားလာသည့် ရုပ်သံလိုင်းများကို ပိတ်ပင်ဖို့ မဟုတ်ဘဲ စနစ်တကျ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ဖို့သာ ဖြစ်ကြောင်း၊ စနစ်တကျ ဖွံ့ဖြိုး တိုးတက်မှသာ ရေရှည်တည်တံ့မှာ ဖြစ်ကြောင်း၊ နိုင်ငံတော်က ပြဌာန်းထားသော ဥပဒေများနှင့်အညီ ရေရှည်တည်တံ့ ဖွံ့ဖြိုးနိုင်ရေး ရှုထောင့်မှ ဆွေးနွေး အဖြေရှာသွားကြရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတော် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး တရား မဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများ၏ လက်ရှိအခြေအနေ၊ ဈေးကွက်နှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ Online TV များ၏ လက်ရှိ အခြေအနေနှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ရှေ့ဆက် လုပ်ငန်းစဉ်များ စသည့် ကဏ္ဍများကို ဆွေးနွေးခြင်း၊ အမေး အဖြေပြုလုပ်ခြင်းများ ဆောင်ရွက်ကြမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.