Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်၌ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂,၅၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် သက်သေဆံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂,၅၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၄ ရက်နေ့ ၁၅း၃၀ နာရီ၊ တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာအနီး၊ မြေသားရေမြောင်းအတွင်း၌ တာလပတ်စ/သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် ဆာလာအိတ် ၂၁ အိတ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ပူးပေါင်း အဖွဲ့မှ စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၅၄၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂၅၄၀ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၁.၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၀ သိန်း)၊ ကတ်တမင်း ၉၀၀ ဂရမ်(ဒေ သကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၀ သိန်း)၊ ဘိန်းညိုမှုန့် ၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၀၀ သိန်း)၊ သေနတ်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ခဲယမ်းမျိုးစုံ ၁၉၂၇၉ တောင့်နှင့် စကားပြောစက် ၄ လုံးတို့အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ယင်းနေ့ ၁၃၀၀ အချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီးရှိ အိမ်ရှင်(စိစစ်ဆဲ)၏ ၁ ထပ် တိုက်အား မသင်္ကာ၍ ဝင်ရောက်ရှင်းလင်းရာ ဘိန်းဖြူ ၅.၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄၈ သိန်း) နှင့် မူးယစ်ဆေးဝါးပြုလုပ်ရာတွင်အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.