Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မွေးနေ့ပွဲ I – 12 ၌ ကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်ပြည့် မွေးနေ့ မင်္ဂလာ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ အိုင် -၁၂ (I – 12) အဆောင်တွင် ယနေ့ နံနက် ၁၁ နာရီ၌ ကျင်းပခဲ့သည်။

လွှတ်တော်ရုံးဝန်ထမ်းများနှင့် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း ကျင်းပသည့် အဆိုပါ မွေးနေ့ အခမ်းအနားသို့နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး၊ အငြိမ်းစား သမ္မတကြီး ဦးထင်ကျော်နှင့် ဇနီး၊ ဒုတိယ သမ္မတ ဦးဗန်ထီးယူနှင့် ဇနီး၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးနှင့် ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ နှင့် ဇနီး၊ လွှတ်တော်အမတ်များ၊ လွှတ်တော်ရုံး အရာရှိ အရာခံများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.