ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းကို သွားရောက် လေ့လာ နိုင်ကြောင်း အသိပေး ကြေညာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုးကုတ်မြို့နယ်အတွင်း အောက်တိုဘာ ၁၇ ရက်တွင် သိန်း ၈,ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုသည့် အက်စီတုန်း ၂၅၆၀ လီတာ နှင့်အတူထိန်းချုပ်ဓာတုပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၂,ဝဝဝ ကျော် နှင့် ပြည်တွင်းအလုပ်နေရာ ၂၁,ဝဝဝ ကျော် အား စက်တင်ဘာလ အတွင်း ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုးကုတ်မြို့နယ်တွင် အောက်တိုဘာ ၁၆ ရက်၌ ငွေကျပ် သိန်း ၁ သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ယောက်၏ မူလ အခွင့် အရေး မဆုံးရှုံးစေရန် အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြပါရန် အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားရှိသည့် အနေကြာ အချုပ်သားများအား ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင် ငွေကျပ် ၂၂,၄၂ဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် သိန်း ၁,၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး၌သဘောတူညီချက် (၇) ချက်ရရှိခဲ့ကြောင်းအစည်းအဝေးအပြီးသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အမျိုးသား(၃)ဦးအား လက်ခတ်လှေတစ်စီး နှင့် အတူ စိတ်ကြွဆေးပြား ၁၁၇,၀၀၀ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး၂၃၄,၀၀၀,၀၀၀ ကျပ်) နှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။