Connect with us

Politics, Law & Military

ပြည်ပသို့နိုဝင်ဘာလ အတွင်း တရားဝင် အလုပ်သမား ၂၄,၀၀၀ ကျော် စေလွှတ်ခဲ့

မြန်မာအလုပ်သမားများ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ပြည်ပသို့တရားဝင် အလုပ်သမားများ စေလွှတ်လျက် ရှိရာ နိုဝင်ဘာလ အတွင်း အလုပ်သမား ၂၄,၀၀၀ ကျော် စေလွှတ် နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ အလုပ်သမားများ စေလွှတ်လျက် ရှိရာတွင် ထိုင်းနိုင်ငံသို့ ၂၀,၀၁၄ ဦးဖြင့် အများဆုံး ဖြစ်ပြီး ၊ မလေးရှား နိုင်ငံသို့၄,၁၀၉ ဦး ၊ ကိုရီးယား နိုင်ငံသို့၄၂၄ ဦး ၊ ဂျပန် နိုင်ငံသို့၃၆၃ ဦး ၊ ဂျော်ဒန် နိုင်ငံသို့၂၆ ဦး ၊ ယူအေအီးသို့၂၀ ဦး ၊ စင်ကာပူ နိုင်ငံသို့၁၉ ဦး နှင့် ကာတာနိုင်ငံသို့၁၂ ဦးဖြင့် စုစုပေါင်း ၂၄,၉၈၇ ဦး စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာလ အတွင်း ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အလုပ်ရရှိမှု အခြေအနေမှာ အစိုးရ အလုပ်အကိုင် ၅၅၉ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၁၈,၇၄၅ ဦး စုစုပေါင်း ၁၉,၃၀၄ နေရာကို ခန့်အပ် ထားနိုင်ခဲ့ကြောင်း သိရသည်။အလုပ် အကိုင် အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ် အကိုင် များ ရှာဖွေပေး ခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117