ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၄ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၅၃သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့ သာယာကုန်း ကျေးရွာ 3-A ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ စက်တင်ဘာ ၂၅ ရက်တွင် ကမ်းပါးပြိုကျပြီး လူလေးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများ ယုံကြည်လက်ခံသော ရွေးကောက်ပွဲ ဖြစ်မှုနှင့် ပြည်သူ့ ဆန္ဒနှင့်ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံ(၅)ချက်အပေါ် အခြေခံဆောင်ရွက်လျက်ရှိကြောင်း ဦးလှသိန်းက ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ကြီး၏ ယာဉ်ကြောပိတ်ဆို့မှုအခြေအနေကို ကုစားပေးနိုင်ရန်အတွက် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းကို ကမ္ဘာ့ဘဏ်လက်အောက်ခံ IFC နှင့် ညှိနှိုင်းခဲ့ပြီးလာမည့် ၂၀၁၉ ခုနှစ်ထဲတွင် စတင်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် နေပြည်တော်၊ လယ်ဝေးမြို့တို့တွင် လိုင်စင်မဲ့ကား နှစ်စီးဖမ်းဆီး ရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) လှိုင်သာယာ မြို့နယ်၊ (၄)ရပ်ကွက်ရှိ SMI ဆောက် လုပ်ရေး ဝင်းအနီး လှိုင်မြစ်ကမ်းစပ်၌ ဗုံးသီးဟောင်း(၄)လုံး တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ သပိတ်ကျင်းမြို့အတွင်း၌ စက်တင်ဘာ ၂၄ ရက်က ကျပ် သိန်း ၃၀၀ခန့်ရှိ ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများတွင် အငှားချထားသည့် ဈေးဆိုင်ခန်းမျာအား ဂိုဒေါင်သဖွယ် အသုံးပြုနေခြင်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊မဲဇာချောင်းအတွင်းမှ တရားမဝင်သစ် ၂၈ တန်ကျော် ဖမ်းမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂,၅၄၅ ရွက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ယနေ့သတင်းထုတ်ပြန်သည်။