Connect with us

Politics, Law & Military

မဟာမဲခေါင် စီးပွားရေးစြင်္ကံ ဖွံ့ဖြိုးရန် ကန်ဒေါ်လာ ၂၄ သန်းကျော် ချေးမည်

ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် လွှတ်တော်သို့ တင်ပြစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

မဟာမဲခေါင် ဒေသခွဲ အရှေ့ အနောက် စီးပွားရေးစြင်္ကံလမ်းတစ်လျှောက်ရှိ မြို့များ ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ခု ဖြစ်သော NEDA( Neighboring Countries Economic Development Cooperation Agency) ထံမှ အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၃ သန်း ချေးယူနိုင်ရန် ယနေ့ ကျင်းပ သော ပြည်ထောင်စု လွှတ်တော် အစည်း အဝေး၌ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် များက တင်ပြ ရှင်းလင်းခဲ့ကြသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့တို့က မဟာမဲခေါင် ဒေသခွဲ အရှေ့ အနောက် စီးပွားရေး စြင်္က ံလမ်းတစ်လျှောက်ရှိ မော်လမြိုင်၊ ဖားအံနှင့် မြဝတီမြို့တို့တွင် မြို့ပြ အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ရေး စီမံကိန်းကို ဆောင်ရွက် ကြမည်ဖြစ်ရာ ရေပေး ဝေရေး စနစ် အဆင့်မြှင့်တင်ခြင်း၊ အမှိုက်သိမ်းစနစ်များအတွက် အဓိက ထားပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက focal အဆိုပါ မြို့သုံးမြို့တို့ သန့်ရှင်း သပ်ရပ် လှပရေး၊ ရေကောင်း ရေသန့် ရရှိရေးနှင့် စနစ်တကျ အမှိုက်စွန့်ပစ် ရေး တို့အပြင် လူမှုစီးပွား ဖွံ့ဖြိုးစေရန်၊မြို့ပြ အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ရန်၊ မြို့ပြ စီမံခန့်ခွဲမှုဆိုင်ရာ ပိုမို အားကောင်းစေရန်၊ ဒေသတွင်း သဘာ၀ ပတ်ဝန်း ကျင်ကို ထိန်းသိမ်းပြီး ရေရှည် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်များထားရှိပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ADB မှ ချေးငွေ ကန်ဒေါ်လာ သန်း၈၀ ဖြင့် မော်လမြိုင်မြို့နှင့် ဖားအံမြို့တို့အတွက် ဆောင်ရွက်မည်ဖြစ်ပြီး ယခုချေးယူမည့် NEDA ထံမှ ၂၄ ဒသမ ၃ သန်းမှာ မြဝတီမြို့အတွက် ဖြစ် ကြောင်း၊ ADB မှ ချေးငွေ ရယူရေးအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးပြီးဖြစ် ကြောင်းနှင့် ယခု NEDA ချေးငွေကိုလည်း လွှတ်တော်က အတည်ပြုပေးနိုင်ရန် တင်ပြရခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဟန်ဇော်က ရှင်းလင်း တင်ပြခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

အဆိုပါ ချေးငွေနှင့်ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင် မောင်ဝင်းက “NEDA ရဲ့ ချေးငွေဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကတော့ ဆိုင်းငံ့ကာ ၁၀ နှစ်၊ ပြန်ဆပ်ကာလ ၂၀ နှစ် ပေါင်း အနှစ် သုံးဆယ် ဖြစ်ပါတယ်၊ အတိုးနှုန်းက တစ်နှစ်ကို ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်၊ စီမံခန့်ခွဲမှု စရိတ်အဖြစ် ချေးငွေ ပမာဏရဲ့ ၀ ဒသမ ၁၅ ရာခိုင်နှုန်းကို တစ်ကြိမ် တည်း ပေးချေရပါမယ်၊ အတိုးနှုန်းအရ သက်သာမှုရှိတဲ့ ချေးငွေလည်း ဖြစ်ပါတယ်၊ စီမံကိန်းကာလ အနေနဲ့ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ခြောက်နှစ်ဖြစ်ပါတယ်၊ မြဝတီမြို့ရဲ့ မြို့ပြ ဖွံ့ဖြိုးရေး အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံများ တိုးတက် ဖွံ့ဖြိုးခြင်းမှတစ်ဆင့် ဒေသခံ ပြည်သူတို့ရဲ့လူမှု စီးပွား ဘဝများ တိုးတက်ဖွံ့ဖြိုး စေနိုင်မယ့် အကျိုးကျေးဇူး ရရှိမှာ ဖြစ်ကြောင်း သိရှိရပါတယ်” ဟု လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ချေးငွေ စီမံကိန်းနှင့် ပတ်သက်ပြီး ယခုလ နောက်ဆုံးပတ်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်ရန် လျာထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.