ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) မိုးရာသီရေကြောင်းသွားလာမှု အန္တရာယ် ကင်းရှင်းရေး အတွက် ရေယာဉ် မောင်းသူများသတိပြုရန် ဆောင်ရန် ၊ရှောင်ရန်အချက်များ အား ရေကြောင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်၊ ထွက်ဂိတ်များ ဩဂုတ် ၈ ရက်တွင် ဖွင့်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၁၈ နိုဝင်ဘာ ၅ ရက်မှ ၉ ရက်နေ့အထိ ငါးရက်တိုင် လက်ခံ ကျင်းပ မည့် ဆဋ္ဌမ အကြိမ်မြောက် အာဆီယံ အငယ်စား၊ အသေးစားနှင့် အလတ်စား ပူးပေါင်းဆောင်ရွက် ရေး ကော်မတီ...
ရန်ကုန် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုက် မြို့နယ် ၊ မော်ကူး ကျေးရွာ မြောက်ဘက်(၁)မိုင်(၄)ဖာလုံခန့်အကွာနေရာ၌ တရားမဝင် ကျွန်းသစ် စုစုပေါင်း (၁၅၉)လုံး (၃၆.၅၅၀၀)တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက်နေ့တွင် တရားမဝင် မီးသွေးဖိုများ ဖမ်းဆီးခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁ ရက် ဆင်ဟွာ လပေါင်း သုံးဆယ်ပြည့်မြောက်သွားပြီ ဖြစ်သည့် ပြည်ထောင် စု လွှတ်တော် နာယက တာဝန်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းထံမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထဲသို့လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားအား ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) သက္ကရာဇ် ၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်နေသော မြန်မာနိုင်ငံ အစိုးရ၏ ကာလတို ရည်မှန်းချက်အရ ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၉၈၀၀ ခန့်တို့ကို မီးပေး နိုင်မည်ဟု မျျှော်မှန်းထားကြောင်း...
နေပြည်တော်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အိမ်ထောင်စု အားလုံး၏ ၇၀ ရာခိုင်နှုန်း (အိမ်ထောင်စု ၇ ဒသမ ၅ သန်း)တို့သည် ခေတ်မီ လျှပ်စစ်ပစ္စည်း အသုံးအဆောင်များ သုံးစွဲနေကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌနေရာကို လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ရန် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အား ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးသတင်းထုတ်ပြန်ချက်အမှတ် ၈ / ၂၀၁၈ ဖြင့် ယနေ့ထုတ်ပြန်ခဲ့သည်။