နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမ တစ်နှစ်တာကာလ အတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော် တွင်ဧပြီလ ၂၈ ရက်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းအေးကိုမှ ရှင်းလင်းဆွေးနွေးခဲ့သည်။
နေပြည်တော်၊ဧပြီလ ၂၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမ တစ်နှစ်တာကာလ အတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော် တွင်ဧပြီလ ၂၈ ရက် ကရှင်းလင်းပွဲပြုလုပ်ခဲ့ရာဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန အနေဖြင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေးလုပ်ငန်းစဉ်များကို ပထမတစ်နှစ်တာကာလအတွင်း အဓိကထားဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိလစ်ပိုင် နိုင်ငံသို့ ယနေ့ နံနက် ၀၉း၁၅ နာရီအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေး အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီ များက ကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။
နေပြည်တော်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှု ပမာဏသည် ယခင် ဘဏ္ဍာနှစ်ထက် ၁ ဒသမ ၅ ဘီလျံ တိုးတက်ရရှိခဲ့သည်ဟုစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က မီဒီယာသို့ပြောသည်။
နေပြည်တော်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) HIV ရောဂါနှင့် အသည်းရောင် – ဘီ ရောဂါဝေဒနာရှင်များအတွက် ကုသဆေး အသစ် ဖြစ်သည့် Tenofovir (300 mg) ဆေးကို ၂၀၁၇ -၂၀၁၈ည ဘဏ္ဍာနှစ်တွင် ထုတ်လုပ်ဖြန့်ချိမည်ဟု စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်...
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက် ရှိ စိုင်းခမ်းကျောက်(ဘ) ဦးအိုက်ကျွဲ့၏နေအိမ်တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ တရားမဝင်ကျောက်စိမ်းတုံးများ၊ လက်နက်၊ ခဲယမ်းများ အားဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ် အစည်းအဝေးကိုမေလ ၂၄ ရက်မှ ၂၈ ရက်အထိကျင်းပမည်ဟုနေပြည်တော်တွင် ယနေ့ပြုလုပ်သော JICM အစည်းအဝေးက အတည်ပြု ထုတ်ပြန် ခဲ့သည်။
နေပြည်တော်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အစိုးရသစ်လက်ထက် ပထမဦးဆုံး ကျင်းပသည့် JICM (Joint Implementation Coordination Meeting) တွင် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အတွေးအခေါ်များ တင်ပြနိုင်မည်ဟု မျှော်လင့် ကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ် မြန်မာ နှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဒုတိယ သမ္မတ များဖြစ်ကြသော ဦးမြင့်ဆွေ နှင့် ဦးဟင်နရီဗန်ထီးယူတို့မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။