Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့် UNDP တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် မြန်မာနိုင်ငံဆိုင်ရာ Country Directorတို့တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် UNDP တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme-UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ Country Director, Mr.Peter Batchelor တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် တရားဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်း၍ နည်းပညာ အကူအညီပေးမှုများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စီမံအုပ်ချုပ်မှု၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ဆိုင်ရာကိစ္စရပ်များအပါအဝင် မြန်မာနိုင်ငံနှင့် UNDP တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဆွေးနွေးကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.