Connect with us

Politics, Law & Military

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြားယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြားယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H. E. Dr. Luan Thuy Duong နှင့်အဖွဲ့အား ယနေ့ ဇူလိုင် ၂၆ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာချုပ်ဆိုမည့် နားလည်မှုစာချွန်လွှာ (MOU)၊ လက်ရှိ နှစ်နိုင်ငံအကြားယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စများနှင့် အနာဂတ်တွင်ဆောင်ရွက်မည့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.