Connect with us

Politics, Law & Military

ဘူးသီးတောင်မြို့နယ်၌ စက်လှေနစ်မြုပ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး ပျောက်ဆုံး

စက်လှေ တိမ်းမှောက်သွားရာပြ မြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ စက်လှေနစ်မြုပ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ချက်အရ သိရသည်။

အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တောင်ဘဇာနယ်မြေမှ နယ်မြေမှူး၊ ရဲမှူးတဦးအပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် လေးဦးသည် ဇူလိုင်လ ၂၃ ရက်နေ့က ဘူးသီးတောင်မြို့နယ် နယ်မြေ (၁၀) တင်းမေကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေတည်ငြိမ်အေးချမ်းအတွက် လှည့်ကင်းဆောင်ရွက်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၉ နာရီခွဲတွင် ကျောင်းတော်မှ တောင်ဘဇာသို့ ပန်ဇင်းချောင်းအတိုင်း စက်လှေဖြင့် ပြန်လာခဲ့ရာည ၁၀ နာရီခွဲတွင် စက်လှေမှာ ရေစီးအားကြောင့် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိမ်းမှောက်မှုအား ရှာဖွေကယ်ဆယ်မှုများဆောင်ရွက်ခဲ့ရာ တိမ်းမှောက်သွားသည့် စက်လှေပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးအနက် ၃ ဦးမှာ ည ၁၁ နာရီတွင် ကျောင်းတောင် ရဲကင်းစခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး စက်လှေမောင်းသူအား ည ၁၁နာရီ ၅၅ မိနစ်တွင် ပန်ဇင်းချောင်း၏ အနောက်ဖက်ကမ်းစပ်၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဦးမှာ ပျောက်ဆုံးလျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.