ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ (၄၉)နှစ်မြောက် အာဆီယံနေ့အတွက် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ယနေ့ သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၃) ၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ယမန်နေ့က ငွေကျပ် သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖော်ထုတ် သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ၊ ကော်မတီအသစ်များ၏ လျာထားအမည်စာရင်းများကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး မျက်နှာစုံညီအစည်းအဝေးတွင် ကြေညာလိုက်သည်။
နေပြည်တော်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) မြန်မာ – လာအို ချစ်ကြည်ရေး တံတား စီမံခန့်ခွဲမှု ဆိုင်ရာ သဘောတူညီချက်ကို သမ္မတ အိမ်တော်၌ ယနေ့နံနက်ပိုင်းတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးတို့က သမ္မတ နှစ်ဦး၏ ရှေ့မှောက်၌ လက်မှတ် ရေးထိုးခဲ့ကြသည်။
ရန်ကုန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံမှ နည်းပညာပိုင်း ၊ ဥပဒေပိုင်းများ အရ ပြီးပြည့်စုံမှု ရှိစေရန် ၊ တိုးတက် ပြောင်းလဲ လာသည့် အခြေအနေ များနှင့် ကိုက်ညီမှု ရှိလာစေရန် မြန်မာနိုင်ငံ ပိုင်နက် ပင်လယ် နှင့် ပင်လယ်ဇုန်များ ဥပဒေသစ်ကို...
ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အစိုးရသစ်၏ ရက် ၁၀၀ စီမံချက် ကာလ အတွင်း အကြောင်း အမျိုးမျိုးကြောင့် အမည်မည်း စာရင်း(Black List) ရေးသွင်းထားသူများ အနက် မြန်မာနိုင်ငံသား ၂၄၈ ဦး ၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း...
ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ယခင်ကထက် ဖိဖိစီးစီး အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက...
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်များအား ဇူလိုင်လ ၃၁ရက်နေ့ အထိ တစ်နိုင်ငံလုံးရှိ ဟိုတယ်ပေါင်း (၁၃၆၁) လုံး၊ အခန်းပေါင်း (၅၃,၃၅၅) ခန့်ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကစားခဲ့သော မြန်မာ-ဗီယက်နမ်၂၀၁၆ အာဆီယံ အမျိုး သမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ပရိသတ်အားပေးမှု အနည်းငယ် ကြမ်းတမ်းခြင်းကြောင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို အရေးယူနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးက ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံတော် တည်ဆောက်ရေး တို့အား အဟန့်အတား အနှောင့် အယှက် ဖြစ်လျက်ရှိသည့် မှုခင်းကျဆင်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်သို့ယနေ့တင်သွင်းခဲ့ရာ...