Connect with us

Politics, Law & Military

အကြမ်းဖက်တိုက်ခိုက်ခံရသော မောင်တောမြို့နယ်အတွင်း လူသားချင်းစာနာမှု အကူအညီများ ရက်ပိုင်းအတွင်း ပေးမည်ဟုဆို

ရခိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့ ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂဌာနေ ညှိုနှိုင်းရေးမှူး Ms. Renataအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော မောင်တောမြို့နယ်အတွင်းသို့ လူသားချင်းစာနာမှု အကူညီများ နိုဝင်ဘာ ၆ရက်နေ့လောက်တွင် စတင်ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဌာနေ ညှိုနှိုင်းရေးမှူး Ms. Renata Dessallin က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“လူသားချင်းစာနာမှုအကူအညီတွေ နောက် ၂ရက်လောက်ဆို စတော့မယ်၊ အသေးစိတ်ကိုတော့ ခုမပြောနိုင်သေးဘူး”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ်တွင် အကြမ်းဖက်တိုက်ခိုက်ခံရသော ရခိုင်ပြည်နယ် မောင်တော ခရီးစဉ်နှင့် ပတ်သတ်ပြီး ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallin၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ ဗြိတိသျှသံအမတ်ကြီး၊ EUသံအမတ်ကြီး၊ ပေါ်တူဂီသံအမတ်ကြီးနှင့် အီဂျစ် သံအမတ်ကြီးတို့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြသည်။

“ ဒီခရီးစဉ်က လူသားချင်းစာနာမှုကိစ္စတွေအတွက် ရှေ့ဆက်သွားရမယ့် ပထမဆုံး ခြေလှမ်းပါ”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြားသည်။

ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallin နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရခိုင် ပြည်နယ် မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)သို့ အစိုးရ ဖိတ်ကြားမှုဖြင့် သွားရောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သွားရောက်လေ့လာခဲ့ကြသည်။

အဆိုပါ ခရီးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်များကို သိခဲ့ရခြင်း၊ အကြမ်းဖက်သမားများထံမှ ဖမ်းဆီးရမိခဲ့သော လက်နက်များအကြောင်း၊ နေအိမ်များ မီးရှို့ထားခံရမှုအခြေအနေများ၊ ဒေသခံများ နေရပ်ပြန်နေမှုများ စသည့်တို့ကို သိရှိခဲ့ရကြောင်း ကုလသမဂ္ဂဌာနေ ညှိုနှိုင်းရေးမှူး Ms. Renata Dessallinက ဆိုသည်။

ယင်းခရီးစဉ်တွင်း အစိုးရအား လူသားချင်းစာနာမှုအကူအညီများ နှစ်ဖက်လုံးကို ပေးရန် အကြံပြုခဲ့ခြင်း၊ အစိုးရလုံခြုံရေးအရ အရေးယူဆောင်ရွက်မှုများကို ထောက်ခံခဲ့ခြင်း၊ ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် ပြဿနာအရင်းခံကို ရှာရန်၊ အတူတွဲနေထိုင်ရေး၊ လက်ရှိပြဿနာဖြေရှင်းမှုများ တိတိကျကျနှင့် ပွင့်လင်းမြင်သာမှု ရှိရေးနှင့် ရေရှည်ဖြေရှင်းမှုအား ဆွေးနွေးခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.