Connect with us

Politics, Law & Military

ဖားကန့်၌ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ မီးရှို့ဖျက်စီးခဲ့သော ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအား အနီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်

ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမီးရှို့ဖျက်စီးခံရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်အုပ်စု၊ ထုံးဘိုရပ်ကွက်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ မီးရှို့ဖျက်စီးခဲ့ပြီးနောက် အဆိုပါ နေရာအနီးတွင် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးများဆောင်ရွက်နေကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ကျောက်စိမ်းကုမ္ပဏီအား နိုဝင်ဘာ ၂ ရက် ည ၆ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်၍ အရပ်ဝတ်များဝတ်ဆင်ထားသည့် လက်နက်ကိုင်အဖွဲ့မှ အင်အား ၂၀ ဦး ခန့်က ကုမ္ပဏီဂိတ်စောင့်ဝန်ထမ်းဖြစ်သူအား ပစ္စတိုဖြင့်ချိန်ရွယ်ကာ ကုမ္ပဏီရုံးခန်းသို့ပို့ဆောင်ရန် ခိုင်းစေခဲ့ပြီး ကုမ္ပဏီအား အသင့်ယူဆောင်လာသည့် ဓာတ်ဆီပုံးလေးပုံး ဖြင့်ပက်ဖျန်း၍ ဒေသန္တရလက်လုပ်မိုင်းများဖြင့် ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့ပြီး ကုမ္ပဏီမှ ဝန်ထမ်းအား ရိုက်နှက်ခဲ့ကြောင်း သိရသည်။ယင်း လက်နက်ကိုင်အဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယန္တရားအပိုပစ္စည်းထားသည့် သွပ်မိုးပျဉ်ကာ ဂိုဒေါင် တစ်လုံး၊ အလုပ်သမား ကြီးကြပ်ဆောင် တစ်လုံး၊ မော်တော်ယာဉ် လေးစီး၊ တာယာမျိုးစုံ ၂၀၀ လုံးတို့ ပျက်စီးခဲ့ ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)