Connect with us

Politics, Law & Military

မောင်တောမြို့တွင် နယ်စပ်စစ်ဆေးရေးဂိတ် POE ထားရှိရန် ဆောင်ရွက်

မောင်တောမြို့တွင် နယ်စပ်စစ်ဆေးရေးဂိတ် (Pass of Entry and Exit – POE) ထားရှိရန် ဆောင်ရွက်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိရာ လူနှင့် ပစ္စည်းအဝင်အထွက်များကို စနစ်တကျ စစ်ဆေးနိုင်ရေးအတွက် မောင်တောမြို့တွင် နယ်စပ်စစ်ဆေးရေးဂိတ် (Pass of Entry and Exit – POE) ထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနထံမှ သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ် ဆောင်ရွက်ရာတွင် အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများက နယ် ခြားစောင့်ရဲတပ်ဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

မောင်တော နယ်စပ်စစ်ဆေးရေးဂိတ်မှ တရားမဝင်ငါးဖမ်းမှု၊ မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်မှု၊ ပင်လယ်ဓားပြ၊ လူမှောင်ခိုကူးမှု၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှု၊ တရားမဝင်ကုန်ပစ္စည်း များဖြတ်သန်းသွားလာမှုများအား နတ်မြစ်တစ်လျှောက် စောင့်ကြည့်တားမြစ်မှုများ ပြုလုပ်လျက်ရှိသည်။

“နေ့ချင်းပြန် ပတ်စ်ပို့တွေရှိပါတယ်။ သုံးရက်ပတ်စ်ပို့တွေရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကြတော့ သူတို့နိုင်ငံကထုတ်ပေးတဲ့ ပတ်စ်ပို့တွေနဲ့လာပြီး သတ်မှတ်ချက်နဲ့ကိုက်ညီရင် ဝင်ခွင့်ပေးပါတယ်။ ဒီကလူတွေက နံနက် ၁၀ နာရီလောက်ထွက်ပြီး ညနေ ၄ နာရီလောက်ဆိုရင် ပြန်ရောက်လာကြတယ်။ ဝင်ထွက်ဂိတ်က အခြား နေရာတွေမှာမရှိဘဲ ဒီနေရာတစ်ခုပဲရှိပါတယ်” ဟု နယ်စပ်စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.