ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် အစိုးရဝန်ကြီးဌာနများမှ ဝန်ထမ်းများ ကားပါမစ် လျှောက်ထားသူ ၅၀ ကျော်ရှိပြီး လျှောက်ထားသူများ၏ အချက်လက်ပြည့်စုံပါက ပါမစ်ထုတ်ပေးရန် စစ်ဆေးမှု ၂ရက်ခန့်သာကြာမြင့်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင် က ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် နေပြည်တော်ကောင်စီနယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေး၊ ဒုစရိုက်မှု ပပျောက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်သည့် CCTV ကင်မရာထိန်းချုပ် စင်တာ ဖွင့်ပွဲအခမ်းအနားတွင်...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အဖွဲ့အစည်းများ သဟဇာတရှိစေရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပသည့် ပြည်နယ် ဖြစ်လာစေရေးနှင့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးတို့တွင် ညီညွတ်သည့် စုပေါင်းအင်အားဖြင့် အမြော်အမြင်ကြီးစွာ ဆက်လက်ကြိုးပမ်း ပါဝင်ဆောင်ရွက်သွားကြရန်...
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို တက်ညီလက်ညီ ဆက်လက် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း COVID-19 ကာလအတွင်း တစ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရသော မြန်မာ- တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်များကို မကြာမီ ပြန်လည် ဖွင့်လှစ်နိုင်ရန် နှစ်ဘက် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန်...
ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ၂ဝ၂ဝ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့၏ အမျိုးသားရေး ဦးတည်ချက် တို့ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်း ကြောင်း နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့...
ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ နောင်ချိုမြို့နယ်သို့ သယ်ဆောင်လာသည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လွှတ်တော်အသီးသီး၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာ၊ ၇ ရက်(ဆင်ဟွာ)ရေးသားသူ/စိုးသန်းလင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့သည် ၎င်းတို့ နေအိမ်များတွင် quarantine အသီးသီး ဝင်လျက် ရှိကြောင်း ကျန်းမာရေးနှင့်အကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက မီဒီယာသို့ ယနေ့အတည်ပြုပြောကြားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်ထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၁,၄၄၄ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ပြီး တရားခံ စုစုပေါင်း...