Connect with us

Myanmar

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ်သိန်း ၂,၅၃၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၀.၁၂ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများကို သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၅၃၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၀.၁၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၄ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားတွင် မော်တော်ယာဉ်တစ်စီးကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂ ဦးသယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၅၃၀ တန်ဖိုးရှိ ဆပ်ပြာခွက် ၁၀၁၂ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၀ .၁၂ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ သိမ်းဆည်းရမိသော ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါ ဖမ်းဆီးရမိသူတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117