Connect with us

Myanmar

မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် MNDAA ၊ TNLA ၊ AA အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် MNDAA ၊ TNLA ၊ AA အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တွေဆုံဆွေးနွေးမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်း တွေ့ဆုံဆွေးနွေးမှု၏ တိုးတက်မှုအခြေအနေပေါ်မူတည်ပြီး ဒီဇင်ဘာလကုန်ခန့်၌ ထပ်မံဆွေးနွေးသွားရန်ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

MNDAA ၊ TNLA ၊ AA အဖွဲ့တို့သည် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသရှိ လုံခြုံရေးစခန်းများ၊ အစိုးရအဆောက်အဦများအား အောက်တိုဘာ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)