ရန်ကုန် ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) နိုင်ငံခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေ ၊ ဦးဟန်နရီဗန်ထီးယူ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် တပ်မတော် ကာကွယ်ရေး...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား /သူ ၂၄,၀၀၀ကျော်အား ယနေ့ ဧပြီ ၁၇ ရက်၌ နိုင်ငံတော် သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၈ ရက်(ဆင်ဟွာ) သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနသည် လေဆိပ်၊ ရေဆိပ်၊ နယ်စပ် ဝင်/ထွက်ပေါက် စသည်တို့တွင် အကောက်ခွန် ဆိုင်ရာလုပ်ငန်းများကို အချိန်ကြာမြင့်မှုမရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၃၀ရက် နံနက်ပိုင်းက ဆွဲမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ) အနာဂတ်တွင် ဒေသတွင်း ၊ ကမ္ဘာ့နိုင်ငံ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်စေရန် အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မတ် ၂၇ ရက်တွင်...
နေပြည်တော်၊ မတ် ၂၆ ရက်(ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ရန်ကုန်၊ အင်းစိန်-ရွာမ ဓာတ်အားပေး စက်ရုံတွင် Combined Cycle Gas Turbine အသစ် တည်ဆောက်ခြင်းနှင့် ဓာတ်အား ပို့ လွှတ်မှု စနစ်အတွင်းရှိ ပင်မ ဓာတ်အားခွဲရုံများ၏ တပ်ဆင်အင်အား တိုးခြင်း၊ အဆင့်မြှင့်တင်ခြင်း...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးတင့်နိုင်အား နိုင်ငံတော်သမ္မတက မတ် ၂၅ ရက်နေ့စွဲဖြင့် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊မတ် ၂၅ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်အောင်သူကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက်ကြောင်းယနေ့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ မတ် ၂၄ရက်(ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအတွက်ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA:_ International Development Association) ထံမှ ချေးငွေ ဒေါ်လာ သန်း ၁၀၀ နှင့် Global Financial Facility ထောက်ပံ့ငွေဒေါ်လာ ၁၀ သန်း ရယူရေးအား ပြည်ထောင်စုလွှတ်တော်...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) အေအေ လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ယနေ့ မတ် ၂၃ ရက်၌ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။