Connect with us

Politics, Law & Military

Taxi အဌားယာဉ်များ စတေကာ၊ လိုက်ကာနှင့် ကြော်ငြာတပ်ဆင်ခြင်းများပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အဌားယာဉ်များအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဌားယာဉ်(TAXI)များ စတေကာ၊ လေစုပ်ခွက်ကပ်၊ လိုက်ကာနှင့် ကြော်ငြာတပ်ဆင်ခြင်းများပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ အဌားယာဉ်(TAXI)များ စတေကာ၊ လေစုပ်ခွက်ကပ်၊ လိုက်ကာနှင့် ကြော်ငြာတပ်ဆင်ခြင်းဖြင့် အကာအကွယ်ယူ၍ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို လျစ်လျူရှုကာ ဒုစရိုက်မှု ကျူးကျော်ခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် ကပ်ထားသော ယင်းအရာများအား အမြန်ဖယ်ရှားပစ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ပြီး စတေကာ၊ လေစုပ်ခွက်ကပ်၊ လိုက်ကာနှင့် ကြော်ငြာတပ်ဆင်ထားသော အဌားယာဉ်(TAXI)များအား လုပ်ငန်းလိုင်စင်ဖျက်သိမ်းသည်အထိ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.