Connect with us

Politics, Law & Military

တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုကို စနစ်တကျ ဆောင်ရွက်လျက်ရှိဟု တရားသူကြီးချုပ်ပြော

ပြည်ထောင်စု တရားလွှတ်တော်တော်ချုပ် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကြိုဆို နှုတ်ဆက်စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းများကို ချမှတ်ခြင်းသည် တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်အဖြစ် စနစ်တကျ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ယနေ့ ပြောကြားသည်။

“တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းတွေ ချမှတ်တာဟာ တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်ကို စနစ်တကျ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်၊ ဒီလုပ်ငန်းစဉ်တွေကို အကောင် အထည် ဖော်ရာမှာ တရားသူကြီးများ တရားရေးအရာရှိများ ရုံးဝန်ထမ်းများရဲ့ ကြိုးပမ်းမှုများသာမက တရား မျှတမှု ကဏ္ဍမှ အကျိုးသက်ဆိုင်သူများ မိတ်ဖက် အဖွဲ့အစည်းများ မီဒီယာများရဲ့ ဝိုင်းဝန်း ကူညီ ပံ့ပိုးမှုကလည်း အလွန် အရေးကြီးပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ နံနက် ပြုလုပ် သည့် တရားစီရင်ရေး မဟာဗျူဟာ ငါးနှစ်စီမံကိန်း မိတ်ဆက်အခမ်းအနား၌ ၎င်းက ပြောခဲ့သည်။

ပြည်ထောင်စု တရားလွှတ်တော်တော်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က အမေး – အဖြေ ကဏ္ဍတွင် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

တရားစီရင်ရေး မဟာဗျူဟာ ငါးနှစ်စီမံကိန်း မိတ်ဆက်အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

ယခု မိတ်ဆက်သည့် တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၈ – ၂၀၂၂) ငါးနှစ် စီမံကိန်းသည် တရားစီရင်ရေး ကဏ္ဍ၏ ဒုတိယ စီမံကိန်း ဖြစ်ပြီး ယခင်က သုံးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းကို အခြေခံကာ ဆက်လက် ဆောင်ရွက်ရမည့် စီမံကိန်းအဖြစ် USAID – PRLP, UNDP, ဒိန်းမတ်နိုင်ငံ သံရုံး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာ အဖွဲ့(IDEA International) တို့၏ နည်းပညာ ပံ့ပိုး ကူညီမှုများ၊ အစိုးရဌာနများနှင့် သက်ဆိုင်ရာ လူမှု အဖွဲ့ အစည်း များ။ ကော်မတီများ၊ လုပ်ငန်းအဖွဲ့များ၏ အကြံပေးမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဒုတိယမြောက် မဟာဗျူဟာ စီမံကိန်း အဖြစ် အောင်မြင်စွာ ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများတွင် ပါဝင် ပူးပေါင်း ဆောင်ရွက်ရန် အဆိုပြုခဲ့သည့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်း များ အား ကျေးဇူး အထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်း စဉ်တွင် အဓိကကျသည့် “အားလုံးအတွက် တိုးတက်ကောင်မွန်သော တရားမျှတမှု ဆီသို့ (Towards Improving Justice for All)” ဟူသော ဆောင်ပုဒ်ဖြင့် ယနေ့ မိတ်ဆက် ကျင်းပသော မဟာဗျူဟာ စီမံကိန်း လုပ်ငန်းစဉ်များတွင် အားလုံး အတူတကွ ပါဝင် ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ကြမှသာ တရားမျှတမှုကို လိုလားသူအားလုံးအတွက် တိုးတက်ကောင်းမွန်ပြီး အရည် အသွေး ပြည့်ဝသည့် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြား ခဲ့သည်။

အဆိုပါ ငါးနှစ် စီမံကိန်းတွင် မဟာဗျူဟာ လုပ်ငန်း နယ်ပယ် ငါးရပ်တို့ ပါဝင်ရာ … (၁) တရားရုံး ဝန်ဆောင်မှုများအား အများပြည်သူ လက်လှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေး၊ (၂) အများပြည်သူ ၏ အသိအမြင်ကို မြှင့်တင်ပေးရေး၊ (၃) တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် စီမံခန့်ခွဲမှု စွမ်းရည် မြှင့်တင်ပေးရေး၊ (၄) တရားစီရင်ရေး၏ ပညာရပ် ကျွမ်းကျင်မှု တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာ ရှိမှုတို့ကို မြှင့်တင် ဆောင်ရွက်ရေး၊ (၅) ထိရောက်သော မှုခင်း စီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက် သော အထူးမှုခင်း ကိစ္စရပ်တို့ကို တိုးမြှင့် ဆောင်ရွက်ရေး တို့ ဖြစ်ကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ရှင်းလင်း တင်ပြခဲ့သည်။

တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ (Judicial Strategic Plan Implementation Committee) ခေါင်းဆောင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က “တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှုကို ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ ပြောင်းလဲနေတဲ့ အခြား ကဏ္ဍများနဲ့အညီ ဟန်ချက်ညီညီ အတူ လိုက်ပါ ပြောင်းလဲအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်၊ မဟာဗျူဟာအရ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေကတော့ — လူတိုင်းကို အရည်အသွေး မြင့်မားတဲ့ တရားမျှတမှု ဖြည့်ဆည်းပေးရန်နဲ့ တရားရုံးတွေအပေါ် ပြည်သူတွေရဲ့ စိတ်ချ ယုံကြည်မှု မြှင့်တင်ဖို့နဲ့ ထိရောက်မှုရှိတဲ့ တရားဥပဒေ စိုးမိုးမှုကို မြှင့်တင်ဖို့၊ ပြည်သူအများ ယုံကြည် ကိုးစားတဲ့ ပြည်သူ့အကျိုးပြု တရားစီရင်ရေး စနစ် ပေါ်ထွန်းရေးတို့ပဲ ဖြစ်ပါတယ်” ဟု မိတ်ဆက် အခမ်းအနား ဒုတိယပိုင်း “ အမေး / အဖြေ” ကဏ္ဍတွင် အဆိုပါ မဟာဗျူဟာ၏ ရည်မှန်းချက်များကို ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.