Connect with us

Politics, Law & Military

တိုင်းဒေသဝန်ကြီးများနှင့် တရားလွှတ်တော် တရားသူကြီးခန့်အပ်

တရားလွှတ်တော် တရားသူကြီးခန့်အပ်သော ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဝန်ကြီးများနှင့် တနင်္လာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး တို့ကို ဇန်နဝါရီ ၂၉ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန်ချက် အရသိရသည်။

တနင်္လာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်ပိုက်ပိုက်အေးကို နိုင်ငံတော်သမ္မတက ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထိုပြင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဝန်ကြီးများကိုလည်း ဇန်နဝါရီ ၂၉ ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးတင်အောင်ဝင်းကို ခန့်အပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာစောညိုဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်ညွှန့်ညွှန်ဌေးအား ခန့်အပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.