Connect with us

Politics, Law & Military

မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲနှင့် သဘောတူ လက်မှတ်ရေးထိုး

မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲအပြီး မြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲ (4th MN-RTN Navy to Navy Talks) မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်သည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ သတင်း အချက်အလက် ဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ရေတပ်အရာရှိနှင့် စစ်ရေယာဉ်များ အပြန်အလှန် လည်ပတ်မှု ကိစ္စရပ်များကို ဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးချက်များ၏ သဘောတူ လက်မှတ် ရေးထိုးပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ပြီး အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကာ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းဆွေးနွေးပွဲကို မေလ ၁၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၊ အရာရှိ ရိပ်သာ၌ ပြုလုပ်ရာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးကြီး ဇွဲဝင်းမြင့် ဦးဆောင်သော မြန်မာ့ တပ်မတော် (ရေ) ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းဘုရင့် ရေတပ် Office of Policy and Planning Naval Operation Department မှ Director ဖြစ်သူ Rear Admiral Paradon Puangkeaw ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.