Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲကို လွှတ်တော်က ကျင်းပပေးရန် အကြောင်းကြားစာ ပေးပို့လျှင် ကျင်းပပေးမည်ဟု ကော်မရှင် ဥက္ကဋ္ဌဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဗြိတိန် သံအမတ်ကြီး မစ္စတာ အင်ဒရူး ပက်ထရစ်နှင့် အဖွဲ့အား တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

လစ်လပ် မဲဆန္ဒ နယ်မြေများ အတွက် ကြားဖြတ် ရွေးကောက်ပွဲကို လွှတ်တော်က ကျင်းပပေးရန် အကြောင်းကြားစာ ပေးပို့လျှင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ဗြိတိန် သံအမတ်ကြီး မစ္စတာ အင်ဒရူး ပက်ထရစ်နှင့် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားသည်။ အဆိုပါ တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှု ၄၂ မှုအား အမြန်ဆုံး ပြီးပြတ်နိုင်ရေး အတွက် Open Court ဖြင့် စစ်ဆေး ဆောင်ရွက်လျက် ရှိပြီး မီဒီယာများ၊ Observer များ အနေဖြင့် လာရောက် လေ့လာနိုင်ပါကြောင်း၊ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အဆင့်ဆင့် အား အသစ် ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ်များ အတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန် လွှတ်တော်မှ အကြောင်းကြားစာ ပေးပို့လာပါက ကျင်းပ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နောင်ရွေးကောက်ပွဲများ ကျင်းပရာတွင် လက်ရှိ မဲဆန္ဒရှင် စာရင်းအား Update ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ပြီး မဲစာရင်း မှန်ကန်ရေး အတွက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဦးလှသိန်းက ပြောကြားသည်။ မဲစာရင်း ပြည့်စုံ မှန်ကန်ရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့်အတူ အားလုံး ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် မဲစာရင်း ပြုစုရာတွင် UKAid, IFES တို့မှ တစ်ဆင့် နည်းပညာအကူအညီများ ဆက်လက် ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ဗြိတိန် သံအမတ်ကြီး မစ္စတာ အင်ဒရူးက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.