Politics, Law & Military
ရှမ်းပြည်နယ်၊ ပင်လောင်း ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှုးမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ ပင်လောင်း ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှုးမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ၀၉း၀၀ နာရီအချိန်မှ ၁၆း၂၀ နာရီအချိန်ထိ ပင်လောင်းမြို့နယ်၊ လွယ်မောင်းကျေးရွာ၊ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ ရဲမှူးဝင်းကျော်ရီ ဦးစီးသော ပူးပေါင်းအဖွဲ့သည် အမြင့် ၂ ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း စုစုပေါင်း ၁၉.၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၌ ဘိန်းစိုက်ခင်း ၂၇ ဧကခန့်အား လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ပချားကလို့ကျေးရွာ၌ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အားလည်းကောင်း၊ ပင်လုံမြို့နယ်၊ တန့်အယ်ကျေးရွာ၌ ဘိန်းစိုက်ခင်း ၅ ဧကခန့်အားလည်းကောင်း၊ လဲချားမြို့နယ်၊ ဟိုနားကျေးရွာ၌ ဘိန်းစိုက်ခင်း ၁ ဧကခန့်အားလည်းကောင်း၊ မိုင်းရှူးမြို့နယ် နားလောင်းကျေးရွာပါ ၂ ရွာ၌ ဘိန်းစိုက်ခင်း ၆.၅ ဧကခန့်အားလည်းကောင်း ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)