Connect with us

Science & Technology

လျှပ်စစ်ဆားဗစ်ကြိုးများ ရှင်းလင်းမှုကို ယခုဘဏ္ဍာနှစ်အတွင်း တိုင်ပေါင်း ၄ဝဝဝ ခန့် ရှင်းလင်း ဆောင်ရွက်မည်

ရှုပ်ထွေးနေသည့် လျှပ်စစ်ဆားဗစ်ကြိုးသွယ်တန်းထားမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဓာတ်တိုင်များတွင် ရှုပ်ထွေးနေသော လျှပ်စစ်ဆားဗစ်ကြိုးများ ရှင်းလင်းမှုကို ယခုဘဏ္ဍာနှစ်အတွင်း တိုင်ပေါင်း ၄ဝဝဝ ခန့် ရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။

အဆိုပါ ရှုပ်ထွေးနေသည့် လျှပ်စစ်ဆားဗစ်ကြိုးများ ရှိနေသော ဓာတ်တိုင်များကို စနစ်တကျ သွယ်တန်းရှင်းလင်း ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့၌ စတင်အကောင် အထည်ဖော်နေပြီဖြစ်သည်။

ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် အနာဂတ် လျှပ်စစ်သွယ်တန်းမှုများ စနစ်တကျဖြစ်စေရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုများရှိစေရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပါက မီးစက်များနှင့် လျှပ်စစ်မီးဖြန့်ဝေရာတွင်လည်း စနစ်တကျဖြစ်စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ဓာတ်အားလိုင်း သုံးလိုင်းသွယ်တန်းမည်ဆိုပါက တစ်လိုင်းချင်း သွယ်တန်း ပေးသည့် ဓာတ်အားကို ညီမျှအောင်ချိန်ဆ သွယ်တန်းပေးခြင်းမျိုး မရှိခဲ့ကြောင်း၊ လျှပ်စစ် ဓာတ်အားလိုင်း တစ်ခုလျှင် ၄၅ဝ မဂ္ဂါဝပ် သွယ်တန်းထားသည်ကို တွေ့ရှိရပြီး ဒုတိယ လိုင်းတွင် ၁၈ဝ မဂ္ဂါဝပ် သွယ်တန်းထားကာ တတိယလိုင်းတွင် ၂ဝဝ မဂ္ဂါဝပ်ကျော် သွယ် တန်းထားသည့် ပုံစံမျိုးများလည်း ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.