Connect with us

Science & Technology

e-Government လုပ်ငန်းများ အတွက် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့ဘဏ် နှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

e-Government လုပ်ငန်းများ အတွက် ကမ္ဘာ့ဘဏ် နှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ (ဓာတ်ပုံ--ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

e-Government လုပ်ငန်းများ အတွက် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့ဘဏ် နှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂)ချက် တွင် e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး အတွက် “Data ID Card System, Digital Government Strategy နှင့် e-Government System တို့ကို ထူထောင်သွားရန်” ဟူသည့် မူဝါဒ တစ်ရပ် ပါဝင်ခဲ့သည်။

ထို့ကြောင့် အဆိုပါ ရည်မှန်းချက် ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အကောင်အထည် ဖော်နိုင်ရေး အတွက် ကမ္ဘာ့ဘဏ် အကူအညီဖြင့် စီမံကိန်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင် ရန် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း များ မှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ကမ္ဘာ့ဘဏ် မှ တာဝန်ရှိ ပုဂ္ဂိုလ်များ မေလ ၅ရက်နေ့ နံနက် (၁ဝ:ဝဝ) နာရီ အချိန် တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ ၌ e-Government လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ တွင် လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ အပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်းများ နှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.