Science & Technology
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ဆိုင်ရာအခကြေးငွေများ ပြင်ဆင်ပြောင်းလဲကောက်ခံမှုနှင့် ပတ်သက်၍ အသိပေးအသိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ဆိုင်ရာအခကြေးငွေများ ပြင်ဆင်ပြောင်းလဲကောက်ခံမှုနှင့် ပတ်သက်၍ အသိပေးအသိပေးကြေညာချက်အား ယနေ့ထုတ်ပြန်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၈၊ ပုဒ်မ ခွဲ(က) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် “လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ” အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၈) ဖြင့် ထုတ်ပြန်လိုက်ပြီးဖြစ်၍ အဆိုပါထုတ်ပြန်ပြဌာန်းလိုက်ပြီးဖြစ်သည့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များအတွက် လိုင်စင်ဆိုင်ရာအခကြေးငွေများအား အဆိုပါအမိန့်ကြော်ငြာစာပြင်ဆင်ထုတ်ပြန်သည့်နေ့မှစ၍ ပြင်ဆင်ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပါကြောင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများအားလုံး သိရှိနိုင်ပါရန် အသိပေးအကြောင်းကြားကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)