Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်တာနက်တိုင်များကို အဆောက်အဦများပေါ်တွင် စိုက်ထူတပ်ဆင်ရာ၌ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန လုပ်ငန်းခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ- YRG)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်တာနက်တိုင်များကို အဆောက်အဦများပေါ်တွင် စိုက်ထူတပ်ဆင်ရာ၌ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လုပ်ငန်းခွင့်ပြုမိန့်ကို ဆောင်ရွက်ပေးလျှက်ရှိပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ်များ၏ စနစ်တကျ စိစစ်ဆောင်ရွက်မှုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုနှင့် ဆက်သွယ်ရေး ကွန်ရက်တိုးချဲ့ တည်ဆောက်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့၏ အုပ်ချုပ်ရေး ရှုထောင့်ဖြင့် ပေါင်းစပ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက MPT, Ooredoo, Telenor, Mytel အပါအဝင် တယ်လီဖုန်းလိုင်းများနှင့် အင်တာနက် လိုင်းများအတွက် အင်တာနက် တိုင်များကို အဆောက်အဦများပေါ်တွင် စိုက်ထူ တပ်ဆင်ရာ၌ မည်သည့် စည်းကမ်းများဖြင့် မည်သည့် အဖွဲ့အစည်းများက ခွင့်ပြုမိန့် ထုတ်ပေးပါသလဲ မေးခွန်းနှင့် စပ်လျဉ်းပြီး မေးမြန်းရာ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့၊ နံနက်(၁၀)နာရီခွဲတွင် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး၏ (၁၅)ရက်မြောက်နေ့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အင်တာနာတိုင် တည်ဆောက်မှုအတွက်ကို ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကနေပြီး လုပ်ငန်းခွင့်ပြုမိန့် ဆောင်ရွက်ပေးနေပါတယ်။ ဆက်သွယ်ရေးကွန်ရက် ကောင်းမွန်လာဖို့အတွက် MPT,Ooredoo,Telenor, Mytel စတဲ့ အင်တာနက်တိုင် စိုက်ထူမှုကို ပထမဦးဆုံး ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြရပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီတွေကနေ ဒီအင်တာနက် တိုင်တွေကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့အတွက် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကနေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လိုအပ်တာတွေကို ပေါင်းစပ်ဆောင်ရွက်ပေးဖို့ ညှိနှိုင်းရပါတယ်။ အဲ့ဒီလို ညှိနှိုင်းတဲ့ အကြောင်းကြားစာတွေကို ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ သက်ဆိုင်ရာခရိုင်၊ မြို့နယ်တွေမှာ စနစ်တကျ စိစစ်ဆောင်ရွက်မှုကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဆက်သွယ်ရေး ကွန်ရက်တိုးချဲ့ တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ကနေ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ရှုထောင့်ကနေပြီးတော့ ပေါင်းစပ်ဆောင်ရွက် ပေးရပါတယ်။” ဟု ဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း အင်တာနက်တိုင်များ တည်ထောင်နေမှုကို အုပ်ချုပ်ရေးရှုထောင့်မှ ကန့်ကွက်ရန် မရှိကြောင်း စိစစ်တွေ့ရှိရသည့် အင်တာနက်တိုင်များ တည်ဆောက်နေမှုကို ဆက်သွယ်ရေး ကွန်ရက်တိုးချဲ့တည်ဆောက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြပြီး အုပ်ချုပ်ရေး ရှုထောင့်မှ ကန့်ကွက်ရန် မရှိသော အင်တာနာတိုင် တည်ဆောက်လိုမှုများကိုသာ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လုပ်ကိုင်ခွင့်ပြုမိန့်များကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်တာနက်တိုင်များ တပ်ဆင်ရာတွင် တပ်ဆင်မည့် အဆောက်အဦများသည် အဆိုပါတိုင်များ၏ ဝန်ကိုခံနိုင်ရည် ရှိ၊မရှိ မည်သည့်အဖွဲ့အစည်းမှ စိစစ်ပေးသည်ကို သိရှိလိုပါကြောင်း မေးမြန်းရာ ရန်ကုန်မြို့တော်ဝန်က “အဆောက်အဦတွေပေါ်မှာ အင်တာနက်တိုင်တွေ တပ်ဆင်ဖို့ လျှောက်ထားတဲ့ အခါမှာ အဓိကတော့ အဆောက်အဦ ပိုင်ရှင်နဲ့ တပ်ဆင်လိုတဲ့ ကုမ္ပဏီတို့ကို ညှိနှိုင်းမှုတွေ ပြုလုပ်ရပါတယ်။ ဒီအဆောက်အဦရဲ့ခံနိုင်ဝန်နဲ့ ဒီအင်တာနက်တိုင်တွေရဲ့ ဒီဇိုင်းပုံစံတို့ကို အရင်ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အသိအမှတ်ပြု လိုင်စင်ရ အင်ဂျင်နီယာဌာနက လည်းကောင်း၊ အခုအခါမှာတော့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့က အသိအမှတ်ပြု လက်မှတ်ရ အင်ဂျင်နီယာများက လည်းကောင်း စိစစ်အတည်ပြု လက်မှတ်ရေးထိုးပြီးတော့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို လျှောက်ထားရပါတယ်။ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကလည်း အင်တာနက်တိုင်တွေ တပ်ဆင်ဖို့အတွက် လိုအပ်တဲ့အချက်(၁၅)ချက်ကို ထုတ်ပြန်ထားရှိပြီးတော့ ခွင့်ပြုမိန့် လျှောက်ထားတဲ့အခါမှာ ပူးတွဲပြီး ဒီ(၁၅)ချက်နဲ့ ကိုက်ညီမှု ရှိ၊မရှိဆိုတာကို စစ်ရပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေတိုက်တာများပေါ်တွင် စိုက်ထူထားသည့် အင်တာနက်တိုင်များရှိ တိုင်(၁)တိုင်၏ ပျမ်းမျှအလေးချိန်သည် တပ်ဆင်ထားသော ဆက်စပ်သည့်ပစ္စည်းများ၏ စုစုပေါင်းပေါ်မူတည်၍ (၃၅၂)ကီလိုဂရမ်မှ (၉၄၅)ကီလိုဂရမ် အထိရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117