Social
မိုးယွန်းကြီးအင်း၌ ရှားပါးဌက်မျိုးစိတ်များ တွေ့ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါ မြို့နယ်တို့ အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း အလွန်ရှားပါးသော ငှက်မျိုးစိတ်တစ်မျိုးများ တွေ့ရှိကြောင်း သစ်တော ဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
၂ဝဝ၈ ခုနှစ် နောက်ပိုင်းကာလတွင် တွေ့ရှိမှတ်တမ်း တင်နိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် အလွန်ရှားပါးသော ငှက်မျိုးစိတ်တစ်မျိုး ဖြစ်သည့် မောက်တင်ငှက်မျိုးစိတ် (COMB DUCK) စုစုပေါင်း ခြောက်ကောင်နှင့် ကမ္ဘာ့ရှားပါးငှက်မျိုး စိတ်တစ်မျိုးဖြစ်သော ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ် (SARUS CRANE) စုစုပေါင်း သုံးကောင်ကို ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
သိပ္ပံအမည် (Sarkidiornis melanotos) ဟုခေါ်သော မောက်တင် ငှက်မျိုးစိတ်သည် ကမ္ဘာပေါ်တွင် မျိုးသုဉ်း ရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်အဆင့်သို့ ရောက်နိုင်ဖွယ်ဖြစ်ပေါ် နေကြောင်း၊ မြန်မာနိုင်ငံတွင် အလွန် ရှားပါးသော ငှက်မျိုးစိတ်တစ်မျိုးဖြစ် ကြောင်း၊ နောက်ထပ် ရှားပါးငှက်မျိုးစိတ်တစ်မျိုး မှာ ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ်ပင် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မိုးယွန်းကြီးအင်းအတွင်းသို့ နှစ်စဉ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ဆောင်းခို ငှက်များ ဝင်ရောက်လျက်ရှိရာ ယခုနှစ် ပြီးခဲ့သည့် ဇန်နဝါရီလ ကုန်အထိ ဆောင်းခို ငှက်မျိုး ၄၄ မျိုး၊ ဌာနေငှက် ၆၇ မျိုး စုစုပေါင်း ငှက်မျိုးစိတ် ၁၁၁ မျိုးမှ ငှက်ကောင်ရေ ၂ဝ၈၄၄ ကောင်အထိ လာရောက်ကျက်စားလျက်ရှိကြောင်း သိရ သည်။(Xinhua)