Connect with us

Social

ဂုတ်တွင်းလမ်း ယာဉ်ကြောပိတ်ဆို့မှု မရှိရန် ပြုပြင်

ဂုတ်တွင်းလမ်း၌ ယာဉ်များ ဖြတ်သန်းသွားလာမှုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဂုတ်တွင်းလမ်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲဘက်ခြမ်း မိုင်တိုင်(၈၈/ဝ)၊ မိုင်တိုင် (၉ဝ/ဝ)နှင့် နောင်ချိုဘက်ခြမ်းတွင် မိုင်တိုင် (၈၁/၇)၊ နောင်ချိုတိုးဂိတ် (၇၉/ဝ) တို့တွင် လမ်းပြုပြင်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လမ်းများကို နိုင်လွန်ကတ္တရာခင်းခြင်း၊ လမ်းနှင့် မလွတ်ကင်းသောသစ်ပင်များ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သဖြင့် ဂုတ်တွင်း လမ်းပိုင်းကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၄ ရက်အထိ အချိန်ပိုင်းကန့်သတ်၍ ပိတ်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နေ့စဉ် ယာဉ်စီးရေ ၅ဝဝဝ မှ ၆ဝဝဝ ကျော်ခန့် ဖြတ်သန်းသွားလာလျက်ရှိရာ ယာဉ်ကြောပိတ်ဆို့မှုများတစ်ကြိမ်ဖြစ်ပွားပါက တစ်ရက်မှ သုံးရက်အထိ ကြာ တတ်ကြောင်း သိရသည်။

အဆိုပါယာဉ်ကြော ပိတ်ဆို့မှုများ ကင်းဝေးစေရန် Oriental High Way Co.,Ltd က မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကား လမ်းမကြီးကိုလေးလမ်းသွား ကတ္တရာလမ်းတိုးချဲ့ ရာ၌ ကျောက်မဲ ဘက်ခြမ်းအပိုင်း ဂုတ်တွင်းကြိုးဝိုင်း မိုင်တိုင် (၈၄/၇- ၈၇/၆)အတွင်း လမ်းဗဟိုမှ ပေ ၄ဝ အတွင်းရှိ သစ်ပင်များကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ ရှင်းလင်း ဖယ်ရှားလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.