Connect with us

Social

နေပြည်တော်တွင် အဆင့်မြင့် မော်တော်ယာဉ်လိုင်း စတင် ဖွင့်လှစ်

နေပြည်တော် အဆင့်မြင့် မော်တော်ယာဉ်လိုင်း ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တွင် အဆင့်မြင့် မော်တော်ယာဉ်လိုင်းကို ပထမဆုံး အကြိမ် အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က စတင် ဖွင့်လှစ်ပေးခဲ့သည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီသည် နေပြည်တော်တွင် ယခင်က မရှိခဲ့သည့် အဆင့်မြင့် ယာဉ်လိုင်းကို ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ယာများ၊ ဆေးရုံများသို့ပို့ဆောင်နိုင်ရေးအတွက် ယနေ့ စတင် ဖွင့်လှစ်ခဲ့သည်။

မြို့မဈေး၊ ဓာတုစယ စေတီ၊ MICC II, ဂန္ဓမာဈေး၊ သရဖီဈေး၊ ချယ်ရီဈေး တို့သို့ပြန်လှန်ပြေးဆွဲပေးမည့် အဆိုပါ အဆင့်မြင့် ယာဉ်လိုင်းတွင် ကားအစီးရေ ၁၆ စီးပါဝင်ပြီး ခရီးစဉ် အစ အဆုံးအတွက် ခရီးသည်တစ်ဦး တစ်ထောင်ကျပ်၊ လမ်းမှတ်တိုင်များ အတက် အဆင်း အတွက် ငါးရာကျပ် သတ်မှတ်ထားသည်ဟု ယာဉ်လိုင်း တာဝန်ခံ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမျိုးတင့်က ပြောသည်။

နေပြည်တော် အဆင့်မြင့် မော်တော်ယာဉ်လိုင်း ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် အဆင့်မြင့် မော်တော်ယာဉ်လိုင်း ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

“ယာဉ်စီးခ တစ်ထောင်ကျပ် သတ်မှတ်ရတာက ကားသမားတွေ အတွက်လည်း တွက်ခြေကိုက်အောင်လို့ပါ။ နောက်ပြီး နေပြည်တော် မှာ ဆိုင်ကယ် ကယ်ရီတွေ ငှားရင် ဟိုနား ဒီနားကို တစ်ထောင် အနည်းဆုံးက စတယ်၊ ယာဥန်တန်ဖိုးနဲ့ ကုန်ကျစရိတ်တွေ တွက်ရင်တောင် အမြတ်အစွန်းရဖို့ မရှိပါဘူး၊ သို့သော်လည်း ပြည်သူ လူထု တွေ သွားလာရေး အဆင်ပြေဖို့ရော အစိုးရသစ်ရဲ့ မူဝါဒအရပါ နေပြည်တော်ကောင်စီနယ်မြေက မြို့တော်ကြီး ဖြစ်ပြီးတော့ အဆင့်မြင့် ယာဉ်လိုင်း မရှိသေး တာကြောင့် အခုလို စဖွင့်ရတာပါ”

ယာဉ်စီးရေ ၁၆ စီးသာ ရှိသဖြင့် မြို့တွင်း ခရီးသွားများ ကားမှတ်တိုင်များတွင် စောင့်ဆိုင်းရမည့် အချိန် ကြန့်ကြာ မည်လားဟု မီဒီယာက မေးသည့် အခါ ၁၅ မိနစ်ခန့်သာ စောင့်ရုံဖြင့် အမြန်ယာဉ် ရောက်လာမည်ဟု ၎င်းက ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ အဆင့်မြင့် ယာဉ်လိုင်း စတင် ဖွင့်လှစ်ပွဲသို့နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့်အတူ ကောင်စီဝင်များ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ကောင်စီဥက္ကဋ္ဌဒေါက်တာ မျိုးအောင်က အဆင့်မြင့် ယာဉ်လိုင်း ဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်းနှင့် ထိုလုပ်ငန်း အဆင်ပြေ အောင်မြင်ရေး အတွက် အားလုံးက ဝိုင်းဝန်း ကူညီ ကြိုးပမ်း သွားကြစေ လိုကြောင်း အဖွင့် မိန့်ခွန်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.