Connect with us

Social

ပြည်တွင်းပြည်ပ ဈေးကွက်တွင် ဆန်စပါး ဝယ်လိုအား တိုးမြှင့်လာစေရေး ရေတို၊ ရေရှည် အစီအမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

လယ်ယာ ထွက်ကုန် စပါးစေ့များအား အခြောက်ခံ နေလှန်းနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ပြည်တွင်း ၊ ပြည်ပ ဈေးကွက်တွင် ဆန်စပါး ဝယ်လိုအား တိုးမြှင့်လာစေရေးနှင့် တောင်သူများ တွက်ခြေကိုက် သည့် ဈေးနှုန်း ရရှိရေးတို့အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်ရေး ဦးဆောင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေတို၊ ရေရှည် အစီအမံများ ချမှတ် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

စပါးဝယ်ယူရန် လိုအပ်သည့် ဒေသ၊ မြို့နယ်များကို သတ်မှတ်ကာ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က တစ်ဆင့် ဦးဆောင် အဖွဲ့ထံ တင်ပြပြီး သိုလှောင်ရုံ သို့မဟုတ် ဆန်စက်ကို ဝယ်ယူရေးစခန်းအဖြစ် သတ်မှတ်အခြေချကာ ဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရ မည် ဖြစ်ကြောင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ၊ အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

ဒေသအလိုက် ဖြစ်ပေါ်နေသည့် လယ်ယာထုတ်ကုန် ဈေးနှုန်းကြောင့် တောင် သူ လယ်သမားများ ထိခိုက်နစ်နာမှု နည်းပါးစေရေး အတွက် နိုဝင်ဘာ ၉ ရက်တွင် နိုင်ငံတော် သမ္မတရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော ညှိနှိုင်း အစည်းအဝေးတွင် ထိုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆန်စပါး အဓိက ထုတ်လုပ်သည့် ဒေသများ ဖြစ်သော ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး ၊ ရန်ကုန် တိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များတွင် စပါးများ စုပြီး ထွက်လာသည့်အတွက် ဝယ်လိုအားထက် ရောင်းလို အားများ နေတတ်ကြောင်း သိရသည်။

ထို့အတူ ဥပဒေအရ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့နှင့် တိုင်းဒေသ ကြီး/ ပြည်နယ် ဆန်စပါးဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်း အဖွဲ့များကို ဖွဲ့စည်းထားခြင်းသည် ယခုကဲ့သို့ ဖြစ်ပေါ်လာသည့် အခြေအနေများ အပေါ် ကောင်းမွန်ပြေလည်အောင် စီမံခန့်ခွဲနိုင်ရန် ဖြစ်ကြောင်း ၊ စပါးဝယ်ယူရန် လိုအပ်သည့် ဒေသ၊ မြို့နယ်များကို သတ်မှတ်ကာ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က တစ်ဆင့် ဦးဆောင် အဖွဲ့ထံ တင်ပြပြီး သိုလှောင်ရုံ သို့မဟုတ် ဆန်စက်ကို ဝယ်ယူရေးစခန်းအဖြစ် သတ်မှတ်အခြေချကာ ဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.