Connect with us

Social

၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွှေမန်းသူယာဉ်လိုင်းမှယာဉ်မောင်း နှင့် ယာဉ်အကူ အားရွေးချယ်

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ - Myanmar State Counselor Office)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွှေမန်းသူယာဉ်လိုင်းမှ ဦးမျိုးသန့် (ယာဉ်မောင်း)နှင့် ဦးမောင်မောင် (ယာဉ်အကူ)တို့အား ရွေးချယ် ဂုဏ်ပြုခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ရွှေမန်းသူယာဉ်လိုင်းမှ ယာဉ်မောင်း ဦးမျိုးသန့် နှင့် ယာဉ်အကူဦးမောင်မောင်တို့သည် ဦးအောင်ကိုကို ပရဟိတအဖွဲ့အား ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁၃ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ ရန်ကုန်မြို့တွင်းခရီးစဉ်များအား လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာ လ ၁၅ ရက်နေ့တွင် ခရီးသည်များ ဆင်းသွားပြီးနောက် ဒေါ်လာ ၈၀,၀၀၀ ပါရှိသော ပိုက်ဆံအိတ်တစ်လုံးအားတွေ့ရှိခဲ့ကြောင်း၊ ထိုတို့ရှိသည့် ပိုက်ဆံအိတ်အား ပရဟိတအဖွဲ့ခေါင်းဆောင်ထံ အကြောင်းကြားခဲ့၍ ပိုင်ရှင်ဖြစ်သူ ကိုရီးယားနိုင်ငံသား မစ္စတာဘတ်ချူးချူးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ယာဉ်မောင်း ဦးမျိုးသန့် နှင့် ယာဉ်အကူဦးမောင်မောင်တို့သည် မြန်မာကျပ်ငွေ သိန်း၁၀၀၀နီးပါးတန်ဖိုးရှိ ဒေါ်လာ ၈၀,၀၀၀ အား ပိုင်ရှင်ဖြစ်သူထံချက်ချင်းပေးအပ်ခဲ့သည့်အတွက် အောက်တိုဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)