Connect with us

Social

အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ တရုတ်နိုင်ငံမှ လှူဒါန်းသည့် LED Display Board အသစ် ၃ ခု တပ်ဆင် အသုံးပြုမည်


ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)သို့ LED Display Board များ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နိုဝင်ဘာ ၁၁ ရက်တွင် အမျိုးသား ဇတ်ရုံ(ရန်ကုန်)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxing က ယခု လွှဲပြောင်း ပေးအပ်သည့် LED Display Board များအား အမျိုးသား ဇာတ်ရုံ၌ တင်ဆက် ပြသမှုများ ပြုလုပ်ရာတွင် အကူအညီ ဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ၊ အမျိုးသား ဇာတ်ရုံကို တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ကာ အမျိုးသား ဇာတ်ရုံသည် တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် အထိမ်းအမှတ် တစ်ခု ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။အမျိုးသား ဇာတ်ရုံအား အကြီးစား ပြင်ဆင်မှုများ ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ အဖွဲ့က ယခုနှစ် မေလ အတွင်း လာရောက် လေ့လာခဲ့ပြီးနောက် ပြန်လည် ပြင်ဆင် မွမ်းမံခြင်း ၊ ဒီဇိုင်း ရေးဆွဲခြင်း ၊ တည်ဆောက်ခြင်း လုပ်ငန်းများကို အမြန်ဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxing က အခမ်းအနားတွင် နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

ထို့အတူ ပုဂံဒေသ၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ပြုပြင် မွမ်းမံမှုများ အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံ၏ တောင်းဆိုချက် အရ လိုအပ်သော ပစ္စည်း ကိရိယာများ ထောက်ပံ့သွားရန် ပြင်ဆင်လျှက် ရှိသည့် အပြင် တရုတ်နိုင်ငံ အစိုးရမှ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁ သန်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxing က ထည့်သွင်း ပြောကြားခဲ့သည်။အနာဂတ်တွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ နှင့် အတူ ယဉ်ကျေးမှု ဖလှယ်မှုများ ပိုမို တိုးမြှင့်ရန် နှင့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု) အမြဲတမ်း အတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွှန်းက အခမ်းအနားတွင် ကျေးဇူးတင် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

ထို့အတူ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု) အမြဲတမ်း အတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွှန်းက ယခုကဲ့သို့တရုတ်နိုင်ငံမှ လှူဒါန်းသည့် LED Display Board များ လွှဲပြောင်း ပေးအပ်ခြင်း အပေါ် ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)သို့ယွမ်ငွေ ၂ သန်း တန်ဖိုးရှိ LED Display Board (P-3) 8.832 m×5.184 m ၁ ခု ၊ (P-3) 5.184×3.072 m ၂ ခုနှင့် ဆက်စပ် ပစ္စည်းများ လွှဲပြောင်း လက်ခံခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxing နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု) အမြဲတမ်း အတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွှန်းတို့က လက်မှတ် ရေးထိုး လဲလှယ်ခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် LED Display Board များ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

LED Display Board များ လွှဲပြောင်း လက်ခံခြင်း အထိမ်းအမှတ်အဖြစ် လက်မှတ် ရေးထိုး လဲလှယ်စဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် LED Display Board များ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားအပြီး စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် LED Display Board များအား အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို ့ရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)အား တွေ့ရစဉ်(ဆင်ဟွာ)

ယခုကဲ့သို့ LED Display Board များကို လှူဒါန်းခဲ့ခြင်းကြောင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည့် အခမ်းအနားများတွင် ဇာတ်ခုံပိုင်း ဆိုင်ရာ အဆင့်မြင့် နည်းပညာရပ်များကို အသုံးပြု ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ လှူဒါန်းခဲ့သည့် LED Display Board များကို အမျိုးသား ဇာတ်ရုံ(ရန်ကုန်)တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်း တပ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အမျိုးသား ဇာတ်ရုံ(ရန်ကုန် ၊ မန္တလေး)တို့မှ ဝန်ထမ်းများကိုလည်း နည်းပညာများ သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ASEAN-China Cultural Exchange Year-2014 ပိတ်ပွဲ အခမ်းအနားသို့တက်ရောက်လာသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဒုတိယ သမ္မတ မစ္စတာ လီယွမ်ချောင်က ထိုစဉ်က မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ အမျိုးသား ဇာတ်ရုံ၌ အသုံးပြုနိုင်ရန် LED Display Board များ လှုဒါန်းသွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့မှုများအရ ပေးပို့လှုဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)