Connect with us

Social

နေပြည်တော်ကို Green City Tour ခရီးစဉ်တွင် ထည့်သွင်းသွားမည်

နေပြည်တော်ရှိ ဆာဖာရီဥယျာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ရုံးများစိုက်ရာမြို့တော်ဖြစ်သည့် နေပြည်တော်ကို Green City Tour ခရီးစဉ်တွင် ထည့်သွင်းမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကို Green City Tour ခရီးစဉ်အဖြစ် Package Tourခရီးစဉ်များတွင် ထည့်သွင်းရေးဆွဲရန် ခရီးသွား ကုမ္ပဏီများသို့ ညှိနှိုင်းထားကြောင်း သိရသည်။ယခုနှစ်ခရီးသွား ဧည့်သည်ဝင်ရောက်မှု မှာ ယခင်နှစ် ကာလတူထက် ဝင်ရောက်မှု လျော့နည်းနေကြောင်း၊ ယင်းကဲ့သို့ ခရီးသွားရောက်မှု လျော့နည်းနေခြင်းကြောင့် စိတ်ပါဝင်စားသည့် လူငယ်များဧည့်လမ်းညွှန်များ အဖြစ်ပါဝင်ရန်၊ အရည်အသွေးရှိသည့် ဧည့် လမ်းညွှန်များ ပေါ်ပေါက်ရေး၊ တစ်နိုင်ငံလုံးမှာ လိုက်ပါဆောင်ရွက်နိုင်မည့် ဧည့်လမ်း ညွှန်ကြီးလိုင်စင်များ ရရှိရန် မွေးထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)