ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ကာလတွင် မူကြိုကျောင်းများမဖွင့်နိုင်ခင်စပ်ကြားကာလအတွင်း ကလေးများ သူ့ကာလအလိုက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိဘများနှင့်အတူ ဆော့ကစားနိုင်သည့် ကစားနည်းဗွီဒီယိုများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ဝက်ဆိုက်တွင် တင်ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံမှုမှ စုစုပေါင်း ကျပ်၇၂၉၆ ဒဿမ ၆၉၇ ဘီလီယံရရှိခဲ့ပြီး လျာထားချက်ထက် အခွန်ပိုမိုရရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် က ဆင်ဟွာသို့...
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအား သတ်မှတ်စည်းကမ်းနှင့်အညီဖြတ်သန်းခွင့်အား COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ၏ ညွှန်ကြားချက်နှင့်အညီ နိုဝင်ဘာ ၃၀ ရက်အထိ ယာယီ ဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း၊ ဆက်လက်သက်တမ်းတိုးခြင်းမတိုးခြင်းအား COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း...
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ငမိုးရိပ်ချောင်းအခြေပြု ရေပေါ်ကမ်းနားအဆင့်မြင့်ညဈေး အကောင်အထည်ဖော်ဆောင်ရွက်ရန် COVID-19 ရောဂါကာကွယ်ရေးကာကွယ်ထိန်းချုပ်ရေးကာလအလွန် (သို့မဟုတ်) COVID-19 ကာလ အဆင်ပြေမည့် အခြေအနေတစ်ခုတွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆင်ဟွာသို့ နိုဝင်ဘာ...
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရန်ကုန်မြို့ရှိ အင်းလျားကန်ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို ၂၀၂၁ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့၊ ရေနှင့်ရေပေးဝေရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းထင်ခ က ဆင်ဟွာသို့ နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တောင်သူလယ်သမားများ ၏ စိုက်ပျိုးရေးအတွက် ချေးငွေအပေါ် အတိုးနှုန်းတစ်နှစ်လျှင် ၅ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ဆင်ဟွာသို့ နိုဝင်ဘာ ၁၁ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ဘူတန်နိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့နိုင်ငံများမှ ယှဉ်ပြိုင်ခဲ့သည့် ၁၆ ကြိမ်မြောက် Druk International Film Festival(DIFF) ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နို့ဘီလူးရုပ်ရှင်ဇာတ်ကားမှ ဆုလေးဆုရရှိခဲ့ကြောင်း နို့ဘီလူးရုပ်ရှင်အားထုတ်လုပ်ခဲ့သော အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဒေါက်တာကျော်ကျော်ဦးက ဆင်ဟွာသို့...
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ အဝေးပြေးဂိတ်များ၌ ပါဆယ်ပို့သူများအဆင်ပြေစေရန် ယာဉ်လိုင်း တစ်ချို့ ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ နိုဝင်ဘာ ၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ၂၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ် ၃,၃၅၄,၅၃၈ အုပ်ရိုက်ထုတ်ခဲ့ရာတွင် ထီစာအုပ် ၂,၇၈၇,၃၆၉အုပ်သာရောင်းချခဲ့ရကြောင်း၊ ထီစာအုပ် ၅၆၇,၁၆၉ အုပ် မှာရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား ၃၇၀ ကျော်အား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။